tag:blogger.com,1999:blog-80932863378038578542024-03-14T01:11:58.653-07:00Royal WorriersNaypidaw Bakhathttp://www.blogger.com/profile/11647180416586349915noreply@blogger.comBlogger7125tag:blogger.com,1999:blog-8093286337803857854.post-83848359786109902762008-10-21T01:56:00.000-07:002008-10-21T02:28:24.280-07:00မတရားမှုအတွက် ထိုက်သင့်တဲ့ဆု (အပိုင်း ၁)
မတရားမှုအတွက် တရားမျှတမှု ဇာတ်လမ်းစဉ်ထဲက နောက်ထပ်အသစ်တပုဒ်ဖြစ်ပါတယ်။ စာဖတ်သူများ ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဝေဖန်စရာရှိရင်လည်း ဝေဖန်ပေးပါဦး။
နေပြည်တော်ဘခက်
မနေ့က အုံးအုံးကြွက်ကြွက်ဖြစ်သွားတဲ့ သတင်းကတော့ မြန်မာ့လက်ရွေးစင် အသင်းနဲ့ အာရှလက်ရွေးစင်ဟောင်းများရဲ့ ချစ်ကြည်ရေးပွဲစဉ်သတင်း မဟုတ်ခဲ့ပါဘူး။ သုဝဏ္ဏမှာရှိတဲ့ စစ်အာဏာရှင်အုပ်စုရဲ့ ဒုတိယအဆင့်ရှိတဲ့ စစ်ဗိုလ်ချုပ်တယောက် လုပ်ကြံခံရတဲ့သတင်းပါ။ တကမ္ဘာလုံးမှာရှိတဲ့ သတင်းဌာနတွေကို လှုပ်လှုပ်ရှားရှားဖြစ်သွား စေတဲ့ အရှေ့တောင်အာရှနေရာကနေ ရိုက်ခတ်သွားခဲ့တဲ့ သတင်းတပုဒ်ပါ။
ပြည်သူတွေကတော့ အတွင်းကြိတ်နဲ့ ပျော်နေကြပေမယ့် လက်ဖက်ရည်ဆိုင်ထဲ ထမင်းဆိုင် စားသောက်ဆိုင်ထဲမှာ ဘယ်သူမှ မပြောဆို မဆွေးနွေးရဲကြပါဘူး။ ဒါပေမယ့် လက်ပွေ့ရောင်းတဲ့ ဂျာနယ်သမားလေးတွေတော့ ရုပ်ရှင်မင်းသားဒွေး သေတဲ့သတင်းပြီးတဲ့ နောက်မှာတော့ အရောင်းရသွက်လို့ ၀မ်းရေးတော့ တော်တော်လေးပြေလည်သွားနိုင်မယ့် သတင်းတပုဒ်လည်း ဖြစ်ပါတယ်။
သူမရှေ့မှာရောက်လာတဲ့ စိစစ်ရေးတင်မယ့် စာမူအကြမ်းတွေချုပ်ထားတဲ့ ဂျာနယ်အကြမ်းထည်ပုံစံကိုကောက်ယူလိုက်တယ်။
“ကိုသိန်းရေ … ဗိုလ်ချုပ် (…) သေတဲ့သတင်းက အသေအချာလုပ်နော်။ ရဲစခန်းက ထောက်ခံချက်လိုရင်လည်း ကြိုပြောနော်။ နောက်ကျမှ အဆင်မပြေဖြစ်နေဦးမယ်”
“ဟုတ်ကဲ့ အမ၊ ကျွန်တော် စိစစ်ရေးသွားရင်းနဲ့ ရဲစခန်းထောက်ခံချက်အတွက် လှည့်ပြီး ၀င်ယူလိုက်ပါမယ်။ မြန်မြန်ကျဖို့အတွက်တော့ ရေနည်းနည်းပိုကမ်းရမယ်တဲ့ အမရေ…”
“ဒါထုံးစံပဲဥစ္စာ ကိုသိန်းကလည်း အထူးအဆန်းလုပ်လို့၊ ဘယ်လောက်တဲ့လဲ”
“၃ သောင်းတဲ့အမ”
“သူဇာ့ဆီမှာထုတ်သွားလိုက်လေ၊ သတင်းစုံဖို့ပဲလိုတယ်၊ ပိုက်ဆံကအကြောင်း မဟုတ်ဘူး”
“ဟုတ်ကဲ့အမ။ ဒါဆိုကျွန်တော်သွားလိုက်တော့မယ်နော်”
“ဟုတ်ကဲ့”
တာဝန်ခံအယ်ဒီတာ ကိုသိန်းအောင် ထွက်သွားပြီးတော့ သူမတယောက်ထဲ အခန်းထဲမှာ ကျန်ခဲ့တယ်။ သူမက ‘’Yangon Morning’’ ဂျာနယ်တိုက်ပိုင်ရှင်။ ဖခင်က မဆလလက်ထက်က ဗိုလ်မှူးချုပ်အဆင့်ထိတာဝန်ထမ်းဆောင်ခဲ့ပြီး ၈၈၈၈ အရေးတော်ပုံ ပြီးခါစမှာ ပင်စင်ယူခဲ့တယ်။ တဦးတည်းသောသမီးဖြစ်တဲ့ သူမကို အချစ်ပိုခဲ့သလို သူမကိုယ်တိုင်ကလည်း သမီးကောင်းတယောက်ဖြစ်ခဲ့တယ်။ ရန်ကုန်တက္ကသိုလ်ကနေ အင်္ဂလိပ်စာအဓိကနဲ့ မဟာဘွဲ့ရခဲ့ပြီး သြစတေးလျကနေ ဂျာနယ်လစ်ဇင်ဘာသာရပ်ကို ၂၀၀၂ ခုနှစ်မှာ ထပ်ပြီးရခဲ့တယ်။ ဖခင်က မဆလလက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့ရ ပေမယ့် နိုင်ငံ့အရေးအရာနဲ့ပတ်သက်ပြီး အမြော်အမြင်ကြီးသူ တယောက်ဖြစ်သလို သမီးကိုလည်း နိုင်ငံရေးနဲ့ပတ်သက်ပြီး အမွေတွေများစွာပေးခဲ့တယ်။ ငယ်စဉ်ကတည်းက ရေကူး၊ အပြေးစတဲ့ အားကစားတွေကို ဖခင်ကိုယ်တိုင်သင်ကြားပေးခဲ့ပြီး သြစတေးလျမှာ ကျောင်းတက်နေတုန်းက အဆောင်နေသူငယ်ချင်း တရုတ်အမျိုးသမီးတဦးနဲ့ပတ်သက်ပြီး Mixed Martial Arts လို့ခေါ်တဲ့ ကိုယ်ခံပညာရပ်တွေ ရောမွှေထားတဲ့ သင်တန်းကျောင်းမှာ ခါးစည်းအနက် အဆင့် (၁) အထိရအောင်သင်ကြားခဲ့တယ်။ ချောမွေ့လှပပြီး နုနယ်တဲ့ သူမမျက်နှာ အချိုးအဆက်ကျတဲ့ ကိုယ်ခန္ဓာနဲ့ ဘယ်လိုမှ လိုက်ဖက်မှုမရှိဘူးလို့ထင်နိုင်ပေမယ့် ကျောင်းပြီးလို့ ရန်ကုန်ပြန်အရောက်မှာ ပထမဆုံးပွဲဦးထွက်အနေနဲ့ လူရမ်းကား (၃) ကောင်ကို လှဲသိပ်လိုက်နိုင်တယ်။ တယောက်က ဒုဗိုလ်မှူးကြီးဆိုသူ တယောက်ရဲ့ သား၊ ဆေးကြောင် နေတဲ့သူ။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီကောင်လေးအဖေက သူမဖခင်ရဲ့ တပည့်ဖြစ်ခဲ့ဖူးတယ်။ မကျေနပ်ပေမယ့် မှားကလည်းမှား သူ့အဖေကိုယ်တိုင်ကလည်း ဆရာ့မျက်နှာနဲ့ ကျေအေး တာကြောင့် အဲဒီဆေးကြောင်နေတဲ့ကောင်လေး မကျေနပ်ချင်ပေမယ့် ကျေနပ်လိုက်ရတယ်။ ကောင်လေးက လက်ကျိုးသွားပြီး သူ့သူငယ်ချင်း (၂) ယောက်ကတော့ ခေါင်းပေါက်တဲ့ သူနဲ့ တယောက်က ခါးဆစ်လွဲသွားတယ်။
သူမအမည်က စန္ဒီသိန်းထိုက်၊ ငယ်စဉ်ကတည်းက ဖခင်တာဝန်ကျတဲ့နေရာတွေမှာ လိုက်နေရင်း ပေါင်းသင်းရသူတွေက စစ်သားတွေချည်း။ ကော့ကရိတ်မှာ တာဝန်ကျတုန်းက သူမ ၁၂ နှစ်သမီး၊ ကရင် ဗမာ ကပြားတပ်ကြပ်ကြီးတဦးရဲ့ ကျေးဇူးနဲ့ ဗမာ့လက်ဝှေ့ပညာကို တတ်ခဲ့တယ်။ ဖခင် ရာထူးတိုးလို့ ရန်ကုန်ကို ပြောင်းရွှေ့ရချိန်မှာ သူမအမေက ရင်သားကင်ဆာနဲ့ ဆုံးသွားခဲ့တယ်။ သူမအမေဟာ သူမအဖေနောက်ကို လိုက်လံပြောင်းရွှေ့ ပါရမီဖြည့်ရင်း မွေးရာဇာတိနဲ့ ဝေးရာမှာ ခေါင်းချသွားခဲ့တယ်။ သူမအဖေဟာ နောက်အိမ်ထောင်မပြုတော့ဘဲ သူမကြီးပြင်းလာတဲ့အထိ ပြုစုစောင့်ရှောက် ခဲ့တယ်။ သူမအဖေဆီက အမြဲတမ်းကြားရတဲ့စကားကတော့ …
“တိုင်းရင်းသားအချင်းချင်း ဘယ်တော့မှ မတိုက်ချင်ဘူး”
“သမီး ရောက်ရာနေရာမှာ ကိုယ့်ပြည်သူတွေရဲ့ဘ၀ကို သိအောင်ကြိုးစား”
“ဗိုလ်ချုပ်အောင်ဆန်းကိုချစ်ပါ” ဆိုတာတွေပဲ။
သူမက ကျောင်းပညာတွေ ပြီးသွားချိန်မှာ ၀ါသနာနဲ့ အသက်မွေးဝမ်းကျောင်း တထပ်ထဲကျတဲ့အလုပ်ဖြစ်တဲ့ ဂျာနယ်တိုက်တခုကို တည်ထောင်လိုက်တယ်။ သူမက သတင်းစာတိုက် တည်ထောင်ချင်ပေမယ့်လည်း အာဏာရှင်တိုင်းပြည်မှာ နေရတာက သတင်းစာတိုက် တည်ထောင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ခဲ့ဘူး။ အခုဂျာနယ်တိုက်ဖြစ်တာကိုက သူအဖေရဲ့ အရင်တုန်းက အရှိန်အ၀ါကြောင့် ဂျာနယ်ထုတ်ခွင့်ရရှိခဲ့တာဖြစ်တယ်။ ဒါပေမယ့် သူ့ဂျာနယ်ရဲ့ ပုံပန်းသဏ္ဍာန်ကို သူ့စိတ်ကြိုက် ပုံစံချခဲ့တယ်။ သတင်းကို ဦးစားပေးတဲ့ ဂျာနယ်ဖြစ်အောင်လုပ်ခဲ့တယ်။ အရက်နဲ့ ဆေးလိပ်ကြော်ငြာတွေကို လက်မခံခဲ့ဘူး။ နားလည်တတ်ကျွမ်းပြီး ငယ်ရွယ်တဲ့ အယ်ဒီတာတွေ၊ သတင်းသမားတွေ၊ ဒီဇိုင်နာနဲ့ ဓာတ်ပုံသမားတွေကို သူမစိတ်ကြိုက် ရွေးချယ်ခန့်ထားလိုက်တယ်။ စထွက်ခါစတုန်း ကတော့ အဖေက မဆလလက်ထက်တုန်းက ဗိုလ်မှူးချုပ်တဦးအထိဖြစ်ခဲ့တဲ့ အရှိန်နဲ့ ဂျာနယ်တိုက်ကို တည်ထောင်နိုင်တယ်။ သူမအဖေရဲ့ တပည့်တွေကလည်း အခုလက်ရှိ ဗိုလ်ချုပ်အဆင့် ရောက်နေသူတွေဆိုတော့ “လုပ်နိုင်တာပေါ့” “ဒီပုတ်ထဲက ဒီပဲပါပဲ” ဆိုတဲ့ အပြောမျိုးတွေ၊ ဂျာနယ်ကို အာဏာရှင်ရဲ့ လက်ကိုင်တုတ် ဂျာနယ်မျိုးဆိုတဲ့ အဆင့်ထိတောင် ဝေဖန်သံမျိုး တွေ ကြားရပေမယ့် ဂျာနယ် (၄) စောင်လောက်ထွက်ပြီးချိန်မှာတော့ အဲဒီအသံတွေ ရပ်ဆိုင်းသွားခဲ့တယ်။ စိစစ်ရေးကတော့ သူမအဖေကြောင့် သတင်းတချို့ကို သိပ်တောင်စိစစ်မနေတော့ဘဲ ခွင့်ပြုတာမျိုးတွေ၊ တခြားဂျာနယ်တိုက်တွေကို ခွင့်မပြုတဲ့ သတင်းတွေကို သူမဂျာနယ် တစောင်ထဲသာ ရတာမျိုးတွေအထိ မမျှော်လင့်တဲ့ အခွင့်သာမှုတွေရှိခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူတွေသိသင့်တဲ့ သတင်းတွေကို သူမဂျာနယ်ကတဆင့် ထုတ်ပြန် နေရတဲ့အတွက် သူမ၀မ်းသာပါတယ်။ အရောင်းမြှင့်တင်ရေးပွဲကိုလည်း အရက်ဆေးလိပ် အရောင်းမြှင့်တင်ပွဲကလွဲပြီး ကျန်တဲ့ပွဲတွေကိုပဲ သူမရဲ့ ဂျာနယ်တိုက်က လက်ခံတက်ခဲ့ တယ်။ အဲဒါကလည်း သူမနဲ့ သူမဂျာနယ်အတွက် ဂုဏ်သိက္ခာတခု ဖြစ်စေခဲ့တယ်။ သူမဂျာနယ်စောင်ရေက တရိပ်ရိပ်နဲ့တက်နေသလို သူမကို မနာလိုတဲ့ပြိုင်ဖက်တွေလည်း တရိပ်ရိပ်နဲ့ တိုးလာခဲ့စေတယ်။ ဒါပေမယ့် အနုပညာစစ်စစ်ကို မွေးဖွားကြတဲ့ အသိုင်းအ၀ိုင်းကတော့ သူမဂျာနယ်ကို လေးစားမှု ချစ်ခင်မှု ပိုလာခဲ့တယ်။
“အမ ကျွန်တော်ပြန်ရောက်ပြီ” တာဝန်ခံအယ်ဒီတာ ကိုသိန်းအောင်အသံကြောင့် သူမအတွေးစတွေ ပြတ်သွားခဲ့တယ်။
“ကိုသိန်း အဆင်ပြေလား”
“ဟုတ်ကဲ့၊ ကျွန်တော် ရဲစခန်းကိုပါရောက်ခဲ့တယ်။ ရဲစခန်းကတော့ သတင်းကိုပဲ ထည့်ခွင့်ပြုပြီး ဓာတ်ပုံတွေကိုတော့ မသုံးဖို့ပြောတယ်”
“ရီစရာကောင်းလိုက်တာ ကိုသိန်းရယ်၊ အင်တာနက်မှာ ဒီလောက်တောင်ပျံ့နေပြီပဲ ဥစ္စာ၊ သူတို့က ဘာ့ကြောင့်လို့ပြောလဲ”
“ဒါတောင် အမဂျာနယ်မို့ ခွင့်ပေးတာတဲ့၊ ပြည်သူတွေကို အထိတ်တလန့်ဖြစ်စေမှာ ကြောင့် ဓာတ်ပုံကို မထည့်ပါနဲ့တဲ့၊ ကျွန်တော်တောင် ပြောခဲ့သေးတယ်။ ဒါက ပေါက်ကွဲမှုဖြစ်ပွားပြီးတဲ့နောက် သေနေတဲ့ လူပုံတွေမပါဘဲ အခင်းဖြစ်တဲ့ နေရာကိုပဲပြတဲ့ ပုံပါလို့ ပြောတာကို …”
“အဲဒီတော့ …”
“မရဘူးတဲ့။ စခန်းမှူးက ကျွန်တော့်ကိုတောင် သိပ်မကြည်ဘူး”
“အိုကေလေ၊ ရသလောက်ပေါ့။ သတင်းကိုတော့ ဆင်ဆာအလုပ်ခံရသေးသလား”
“မလုပ်ဘူးအမ အဆင်ပြေတယ်”
“ဒါဆို ဒီဇိုင်းသမားနဲ့တိုင်ပင်ပြီး လေးအောက်ချ၊ မနက်ကို အချောထွက်နိုင်အောင် လုပ်လိုက်တော့။ စာလုံးအကျအပေါက် အသေအချာစစ်ဖို့မမေ့နဲ့နော်၊ စက်တင်ခါနီးရင် ကျွန်မကို ဖုန်းဆက်လိုက် ဟုတ်ပြီလား”
“ဟုတ်ကဲ့”
ကိုသိန်းအောင်ပြန်ထွက်သွားတော့ သူမဖုန်းနံပါတ်တခုကိုနှိပ်လိုက်တယ်။ ဖုန်းရဲ့ မော်နီတာမှာ ပေါ်လာတဲ့ နာမည်က … “အောင်ရဲဇော်”
“ဟယ်လို ကျွန်တော်အောင်ရဲဇော်ပါ”
“ကိုရဲ ညနေအားလား”
“ဟုတ်ကဲ့ အားပါတယ်”
“ကျွန်မ ကိုရဲကို ညနေစာကျွေးချင်လို့ပါ”
“ဘယ်ကို လာရမလဲ”
“ကျွန်မလာခေါ်လိုက်မယ်လေ၊ ကိုရဲစောင့်နေလိုက်နော်”
“ဟုတ်ကဲ့”
အောင်ရဲဇော်ဖုန်းချသွားတော့ သူမနဲ့ အောင်ရဲဇော်ရဲ့ ဆုံစည်းမှုကို သတိရနေမိ တယ်။ သူမတို့ ဆုံစည်းမှုက အသည်းနှလုံးက ရင်ခုန်ရခြင်းမျိုးမဟုတ်ဘဲ၊ သည်းထိတ်ရင်ဖို အမှန်တကယ်ရင်ခုန်ရခြင်းဖြစ်တယ်။
တနေ့ သူမဂျာနယ်တိုက်က အပြန် ဗိုလ်တထောင်ကမ်းနားလမ်းမှာ ကားတစီးက ကျော်တက်သွားပြီး သူမကားရှေ့က ပိတ်ရပ်လိုက်တယ်။ အန္တရာယ်လို့ သူမသတိထားမိပြီး သူမကားကို နောက်ပြန်ဆုတ် အဲဒီကားကို ကျော်တက်ပြီး ရှောင်ဖို့ကြိုးစားလိုက်ပေမယ့် သူမနောက်ကျသွားခဲ့ပါတယ်။ ကားပေါ်က ငတိ (၄) ကောင်ဆင်းလာတယ်။ လက်ထဲမှာ လဲ တုတ်တွေနဲ့၊ တယောက်က သူမကားရှေ့မီးကို ရိုက်ခွဲလိုက်ပြီး တယောက်က သူမဖက်က ကားမှန်ကို ရိုက်ခွဲလိုက်တယ်။ မှန်ကွဲစတွေမထိအောင်လက်နဲ့ ကာလိုက်ပြီး ချက်ချင်း သတိအနေအထားနဲ့ ပြန်နေလိုက်တော့ မှန်ကွဲစတွေထဲမှာ ရင်းရင်းနှီးနှီးနဲ့ မြင်ဖူးတဲ့မျက်နှာတခုကို တွေ့လိုက်ရတယ်။
“ဒေါ်စန္ဒီ၊ ကျေးဇူးပြုပြီး ကားပေါ်ကဆင်းခဲ့ပါ။ စာရင်းရှင်းစရာလေးရှိလို့ပါ”
“ဟင် … မင်း နေလင်း မဟုတ်လား”
“ဟုတ်ပါတယ်၊ ခင်ဗျား တချိန်က ကျုပ်လက်ကိုချိုးခဲ့တဲ့ နေလင်းပါ။ ခင်းဗျား ခေါင်းကိုခွဲပြီး၊ ခါးဆစ်ကိုချိုးပေးမယ့် ကျုပ်သူငယ်ချင်း ၂ ယောက်လည်း ပါပါတယ်။ နောက်ပြီး ခင်ဗျားက ကိုယ်ခံပညာဆရာမကြီး လို့ သိရတော့ အပျင်းပြေပြိုင်ပွဲလေးလုပ်ရ အောင် ကျုပ်သူငယ်ချင်း တိုက်ကွမ်ဒိုသမားတယောက်လည်း ခေါ်လာခဲ့ပါတယ်။ ပြီးမှ ခင်ဗျားလက်ကို ချိုးမှာပါ”
“မင်းတို့ ကျေနပ်ခဲ့ပြီးပြီမဟုတ်လား၊ အဲဒီတုန်းကလည်း မင်းတို့မှားတာလေ”
“ဘာ … ကျုပ်တို့ကမှားတာ၊ ဟုတ်လား။ ခင်ဗျားက ကျုပ်တို့ လက်နဲ့ ကိုင်တာလေးလောက်နဲ့ ကျုပ်လက်ကိုချိုးခဲ့တယ်။ ကျုပ်အဖေက ကျေနပ်ခိုင်းလို့ ကျေနပ်ခဲ့ရတာ သိလား”
အရက်နံ့မရပေမယ့် မူးယစ်ရီဝေနေတဲ့ သူတို့မျက်လုံးတွေကို ကမ်းနားလမ်းက မီးရောင်ချို့ချို့တဲ့တဲ့မှာ လှမ်းမြင်လိုက်တော့ ဒီကောင်လေးတွေ ဆေးကြောင်နေပြီး သူမကို လက်စားချေဖို့ ကြိုးပမ်းနေမှန်း သိလိုက်ရတယ်။ သူမမှာ အော်ဟစ်အကူအညီတောင်းဖို့ အသနားခံဖို့အတတ်ပညာတွေကို မွေးကတည်းပါမလာခဲ့ဘူး။ လမ်းကလည်း ၁၁ နာရီလောက်ပဲရှိသေးပေမယ့် လူကလည်းပြတ်နေပြီ။ ဒါပေမယ့် အတတ်နိုင်ဆုံးတော့ ပြေလည်အောင်ကြိုးစားကြည့်ဖို့ သူမကြိုးစားကြည့်ချင်သေးပေမယ့် သူတို့အမူအယာ တွေက ရမယ့်ပုံမပေါ်ဘူး။ ဒီကြားထဲ …
“ဟေ့ကောင်နေလင်း ကြာတယ်ကွာ သုတ်မှာဖြင့် မြန်မြန်သုတ်၊ မင်းတို့ကို ရင့်ထား တာမဟုတ်လား” ဆိုတဲ့ တိုက်ကွမ်ဒိုသမားဆိုသူရဲ့ စူးရှရှအသံကို ကြားလိုက်ရတယ်။
သူမကားပေါ်က သတိနဲ့ဆင်းပြီး အဆင်သင့်ပြင်ထားလိုက်တယ်။ တိုက်ကွမ်ဒို သမားဆိုသူက “အပျင်းပြေ ပညာစမ်းရတာပေါ့” လို့ ကြွေးကြော်ပြီး သူမဆီကို ပြေးလာ တယ်။ အဲဒီအထိ သူမမလှုပ်၊ အနားရောက်တော့မှ သူ့ခြေထောက်ကို လွှဲပြီး ဖနောင့်နဲ့ ပေါက်ဖို့ကြိုးစားတာကို သူမသိလိုက်တယ်။ သူကတော့ ကိုယ်ခံပညာကို အစစ်အမှန် တတ်ထားပုံရတော့ မြန်တယ်၊ လျှင်တယ်၊ တတ်ပေမယ့် တလွဲနေရာတွေမှာ အသုံးချနေပုံရတယ်။ ဒါပေမယ့် သူမက သူ့ထက်ပိုမြန်တယ်။ ခြေထောက်လွှဲချိန်မှာ အောက်မှာ ကျန်နေတဲ့ ဘယ်ခြေကို သူမဘယ်ခြေနဲ့ gedan mawashi geri နဲ့ ခတ်လိုက်တယ်။ အောက်ကို အရုပ်ကျိုးပြတ် ပုံကျသွားတယ်။ နေလင်းက ပြေးဝင်လာပြီး တုတ်နဲ့ရိုက်တယ်။ သူမ အသာတိမ်းရှောင်လိုက်ပြီး သူ့လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်တယ်။ သူ့လက်ထဲက တုတ်လွတ်ကျသွားတာနဲ့အတူ သူ့လက်ကို သူမလက်ထဲကနေရုန်းတယ်။ သူမက သူရုန်းတဲ့အားနဲ့ သူ့ခြေထောက် ၂ ချောင်းကို သိမ်းရိုက်ပြီး ခုနက တိုက်ကွမ်ဒိုသမား လဲနေရာကို လွှင့်ပစ်လိုက်တယ်။ ၂ ကောင်တော့ ပုံသွားပြီ။ ကျန်တဲ့ ၂ ကောင်က ကြောင်ပြီး ဘယ်ညာ ၂ ဖက်လုံးကနေ ၀င်ရိုက်တယ်။ အသာငြိမ်နေလိုက်ပြီး သူတို့ တအားနီးလာချိန်မှာ ကိုယ်ကို ရို့ပြီး ရှောင်ပေးလိုက်တယ်။ ၂ ယောက်လုံး ခေါင်းမှာ သွေးတွေ ဖြာသွားတယ်။ သူတို့ စားရိတ်နဲ့ သူတို့ သွားပြီပေါ့။ သူမ ရှောင်ပေမယ့် မတတ်သာတော့လည်း သူမပညာကို အသုံးချလိုက်ရတယ်။ သူမကားတံခါးကိုဖွင့်ပြီး ပြန်မောင်းဖို့ ကြိုးစားနေချိန်မှာ ခွပ်ကနဲ အသံတခုကြားလိုက်ရတော့ ထောင်ထောင်မောင်း မောင်းနဲ့ အမျိုးသားတယောက်က တိုက်ကွမ်ဒိုသမားဆိုသူရဲ့အပေါ်မှာ ခွလျက်သား။
“ကျွန်တော် အဝေးကနေလှမ်းမြင်လို့ ပြေးလာပေမယ့် ခင်ဗျားက ပွဲသိမ်းတာ မြန်တယ်၊ ဒါပေမယ့် ခင်ဗျားလှည့်ပြီး ကားတံခါးဖွင့်နေတုန်း ဒီကောင်က ခင်ဗျားကို တုတ်နဲ့ ရိုက်မလို့ ကြိုးစားနေတာနဲ့ ကျွန်တော်လည်း သိပ်လိုက်ရတယ်”
“ကျေးဇူးတင်ပါတယ်ရှင်၊ ကျွန်မလည်း တယောက်ထဲဖြစ်နေတာနဲ့ သူတို့ လဲနေတုန်း ပြန်ထွက်ဖို့ စိတ်လောနေမိတာ၊ ကျွန်မကားလဲ တော်တော်ပျက်စီးသွားပြီ။ ဒါနဲ့ ရှင်ကော ဘာနဲ့ လာလဲ”
“ကျွန်တော်က သူငယ်ချင်းတယောက်ဆီက ပြန်လာတာ။ ခြေလျင်ပါပဲ၊ ဒီနေရာကနေ မြန်မြန်ခွာရင်ကောင်းမယ်ထင်တယ်”
“ဒါဆို ကျွန်မလိုက်ပို့မယ်၊ ကျွန်မကားပေါ်တက်”
ကားက ရှေ့မီးတွေပျက်စီးကုန်တော့ သူမ သတိနဲ့ မောင်းခဲ့တယ်။
“ကျွန်တော့်နာမည် အောင်ရဲဇော်ပါ၊ ကွန်ပျူတာပြင်တဲ့အလုပ်လုပ်ပါတယ်”
“ဟုတ်ကဲ့ ကိုအောင်ရဲဇော် ကျွန်မက စန္ဒီသိန်းထိုက်ပါ၊ Yangon Morning Journal ရဲ့ အယ်ဒီတာချုပ်ပါ။ တွေ့ရတာဝမ်းသာပါတယ်”
“ကျွန်တော်လည်း ခုလို မမျှော်လင့်ဘဲ ခင်မင်ခွင့်ရတဲ့အတွက် ၀မ်းသာပါတယ်။ ဒီခေတ်ကလေးတွေက ဆိုးတယ်ဗျာ။ မူးယစ်ဆေးကလည်းပေါဆိုတော့ ဒုစရိုက်တွေကများ နေတော့တာပေါ့။ ဘယ်လိုဖြစ်ကြတာလဲ”
သူမက ဇာတ်လမ်းကို အတိုချုပ်ပြောပြလိုက်တယ်။
“ဒါနဲ့ စကားမစပ် မစန္ဒီက ကိုယ်ခံပညာတခုကို အဆင့်မြင့်မြင့် တတ်ထားပုံရတယ်။ ဟုတ်လား”
“ဟုတ်ကဲ့၊ ကျွန်မ သြစတေးလျကို ကျောင်းသွားတက်တုန်းက Mixed Martial Arts Club တခုမှာ ခါးစည်းအနက်အထိ သင်ကြားခဲ့ပါတယ်။ ဒါ့ကြောင့်လည်း အရေးကြုံတော့ အခုလို ကာကွယ်နိုင်တာပေါ့”
“ကောင်းတာပေါ့။ ဒီနေ့ခေတ်မှာ အမျိုးသမီးတယောက်အနေနဲ့ တတ်ကျွမ်းထား သင့်တယ်”
အဲဒီနောက်တော့ သူမနဲ့ အောင်ရဲဇော် ခင်မင်သွားခဲ့တယ်။ သူမက အောင်ရဲဇော် ပိုပြီး ခင်မင်လေးစားတဲ့ အချက်ရှိတယ်။ အဲဒါက သူမနဲ့ ခင်မင်တဲ့ အမျိုးသားတိုင်းက သူတိုင်းက တဆင့်တက်ပြီး သူမကို ချဉ်းကပ်ပြီး သူမအချစ်ကိုတောင်းဆိုတာ၊ အရေမရအဖတ်မရတွေပြောတာ၊ သူမနဲ့ အစားအသောက်တခုခုကို စားပြီး သာယာတတ်တာ၊ စတာတွေဟာ ထုံးစံတခုအနေနဲ့ ကြုံတွေ့ရတယ်။ မြန်မာပြည်ရဲ့ တက္ကသိုလ်ပညာရေးဆိုတာကလည်း ပညာရပ်လေ့လာတာထက် လူပုဂ္ဂိုလ်ရေးဆိုင်ရာ တွေကိုပဲ စပ်စပ်စုစုလုပ်နေတတ်တဲ့ ပုံစံဖြစ်နေတော့ ကျောင်းသူကျောင်းသားတွေက စာသင်တာနဲ့မဆိုင်တာတွေကို စိတ်ဝင်စားနေတတ်တယ်။ ကျောင်းသားတော်တော် များများဟာ အရက်သေစာသောက်စားတတ်ပြီး ကျောင်းသူတော်တော်များများဟာ ရည်းစားထားခြင်းအတတ်ကို ဆည်းပူးကြတယ်။ အဲဒီထဲမှာ သူမက ဒိုင်နိုဆောတကောင် လို ဖြစ်နေခဲ့တယ်။ သေချာတာကတော့ ကျောင်းတုန်းက ယောက်ျားလေးသူငယ်ချင်း ထဲမှာ ခင်မင်စရာတွေတော့ ကြုံခဲ့ဖူးပါတယ်။ ဒါပေမယ့် အောင်ရဲဇော်လို လေးစားစရာ ကောင်းသူကိုတော့ အခုမှ ဆုံဖူးတယ်လို့ပဲ သူမခံစားမိတယ်။ အောင်ရဲဇော်က သာမာန်ယောကျာ်းလေးတွေလိုမဟုတ်၊ သူမကို စိတ်ဝင်စားဟန် တချက်မှမပြ။ ပြောတဲ့အကြောင်းအရာတွေကလည်း ကွန်ပျူတာနည်းပညာ၊ သမိုင်းနဲ့ နိုင်ငံရေး။
နိုင်ငံခြားကျောင်းကတော့ သင်တဲ့ပညာရပ်ကို စိတ်မ၀င်စားရင် ပိုက်ဆံတွေ အချိန်တွေကုန်မယ်၊ အမှန်တကယ်လည်း အသက်မွေးဝမ်းကျောင်း လုပ်နိုင်အောင် သင်ကြရတာကြောင့် မြန်မာပြည်ကကျောင်း တွေလို အချိန်တွေကုန်နေတာမျိုးမရှိဘူး။ စာခိုးချပြီး အောင် အောင်၊ ဆရာမကို ပိုက်ဆံပေးပြီး အောင် အောင် လုပ်ရတာမျိုးတွေမရှိဘူး။ သူမနဲ့ အောင်ရဲဇော် ခင်မင်သွားချိန်မှာတော့ မြန်မာပြည်တွင်းက လူတွေရဲ့ စားဝတ်နေရေးတွေ၊ ကလေးတွေရဲ့ ပညာရေး အကျင့်စာရိတ္တ စတာတွေကိုပဲ ပြောဖြစ်ခဲ့ကြတယ်။ တွေ့ဆုံတိုင်းလည်း ပညာရပ်ဆိုင်ရာကိစ္စတွေကိုပဲ အလေးထားဆွေးနွေးဖြစ်ခဲ့ကြတယ်။ တလလောက်ကြာတဲ့ အချိန်မှာတော့ အောင်ရဲဇော်ရဲ့ အမှန်တကယ်အလုပ်ကို သူမသိရှိခွင့်ရခဲ့ပြီး နဂိုကတည်းကမှ ဖခင်ရဲ့ သွန်သင်မှုကြောင့် အာဏာရှင်စနစ်ကို မုန်းနေတဲ့ သူမအဖို့ လမ်းပေါ်က ရန်ပွဲထက် အန္တရာယ်များတဲ့ အလုပ်တခုကို ရဲရဲရင့်ရင့်နဲ့ လက်ခံခဲ့မိတယ်။ အဲဒါကတော့ တော်ဝင်စစ်သည်တော်များရဲ့ အဖွဲ့ဝင်သစ်တဦးအဖြစ်ပေါ့။ သူမနောက်ဆုတ်ဖို့ ဘယ်တော့မှ ကြိုးစားမှာမဟုတ်ဘူး။ ဖေဖော်ဝါရီ (၁၄) ရက်နေ့မှာမွေးတဲ့ သူမအတွက် တော်ဝင်စစ်သည်တော်များရဲ့ အဖွဲ့ဝင်အမှတ်က တိုက်တိုက်ဆိုင်ဆိုင် အမှတ် (၁၄)။ သူမအတွေးစတွေဖြတ်ပြီး သူမတို့အဖွဲ့ရဲ့ အောင်မြင်မှု အောင်ရဲဇော်ရဲ့ စွန့်စားမှုကို ဂုဏ်ပြုတဲ့ ညနေစာအတွက် အိမ်ပြန်ပြင်ဆင်ဖို့ သူမရုံးခန်းထဲကနေ ထွက်ခဲ့တယ်။
အပိုင်း (၂) ကို ဆက်လက်ဖတ်ရှုပါရန်
Naypidaw Bakhathttp://www.blogger.com/profile/11647180416586349915noreply@blogger.com0tag:blogger.com,1999:blog-8093286337803857854.post-18331627054843789332008-10-08T03:36:00.000-07:002008-10-08T03:48:50.515-07:00တချိန်တုန်းက တက္ကသိုလ်ဆိုတာ<object width="425" height="344"><param name="movie" value="http://www.youtube.com/v/j0epnuboiO0&hl=en&fs=1"></param><param name="allowFullScreen" value="true"></param><embed src="http://www.youtube.com/v/j0epnuboiO0&hl=en&fs=1" type="application/x-shockwave-flash" allowfullscreen="true" width="425" height="344"></embed></object>
၁၉၅၇ ခုနှစ်တုန်းက ရန်ကုန်တက္ကသိုလ်မှာ ဒေါက်တာကျော်သက်နဲ့ ကျောင်းသူ ကျောင်းသားတွေ ဟောပြောဆွေးနွေးနေပုံကို မြင်နိုင်ပါတယ်။ အဲဒီအချိန်တုန်းက ဗမာပြည်ပညာရေးစနစ်ဟာ အာရှအဆင့်ရှိပြီး ရန်ကုန်တက္ကသိုလ်ဟာ ထိပ်တန်းတက္ကသိုလ်တခု ဖြစ်ပါတယ်။ ခေတ်ကာလတွေအလိုက် ၀တ်စားပုံတွေကွဲပြားနေပေမယ့် တက္ကသိုလ်ကျောင်းသား ဆိုတဲ့ ပညာတတ်တဲ့ ဥပဓိကိုလည်း ဒီထဲကကျောင်းသားတွေရဲ့ မျက်နှာတွေမှာ ပေါ်လွင်နေတာကို တွေ့မြင်နိုင်ပါလိမ့်မယ်။ You Tube မှာ တင်ထားတာကြာပြီဖြစ်ပေမယ့် မသိသေးတဲ့သူတွေ သိရှိအောင် တင်လိုက်ရခြင်းပါ။ အားတော့နာပါတယ် ဒါပေမယ့် မပြောမဖြစ်လို့ ပြောလိုက်ရဦးမယ်။ အခု နိုင်ငံတော်ကို ကြီးစိုးထားတဲ့ စစ်တပ်အရာရှိဆိုသူများရဲ့ မိဘညီအကိုမောင်ဘွားတွေ ဒီနေရာမျိုးမှာ မရှိခဲ့ဖူးပါဘူးဆိုတာ အသေအချာပါပဲ။ အဲဒီလို ပညာရေးစနစ်ကောင်းတွေကို မသင်နိုင်ခဲ့တော့ မနာလိုစိတ်တွေဖြစ်ပြီး တိုင်းပြည်ရဲ့ ပညာရေးစနစ်ကို အညွန့်ချိုးခဲ့ရခြင်းဖြစ်ပါတယ်။
Naypidaw Bakhathttp://www.blogger.com/profile/11647180416586349915noreply@blogger.com0tag:blogger.com,1999:blog-8093286337803857854.post-48204126913829826462008-10-07T12:12:00.000-07:002008-10-07T12:37:12.566-07:00လေလုံးထွားနေသူလေးများသို့
ဘလော့တွေကို အလည်သွားကြည့်ရင်းနဲ့ ရေးချင်စိတ်ဖြစ်လာလို့ ရေးမိပါတယ်။ အထူးသဖြင့်တော့ “ငါတို့ကစစ်သား ငါ့နိုင်ငံတော်အတွက် ဘာဖြစ်တယ် ညာဖြစ်တယ်”နဲ့ လေတွေထွားနေသူလေးတွေ သိစေဖို့ ရေးလိုက်ရခြင်းဖြစ်ပါတယ်။
ပထမပုံကိုကြည့်ကြရအောင် ...
ဘယ်ဖက်ကစစ်သားပုံက အမေရိကန်ကစစ်သားပုံပါ။ ညာဖက်ကတော့ ဗမာပြည်က စစ်သားလေးတွေပုံပါ။ စစ်သားလေးတွေလို့ဆိုရပေမယ့် DSA ကျောင်းဆင်း အရာရှိတွေဖြစ်မယ့် အရာရှိလောင်းလျာလေးတွေပေါ့။ ကြံ့ခိုင်မှု မာကျောမှုချင်းမယှဉ်ပါနဲ့ဦး ကလေးစစ်သားနဲ့ လူကြီးစစ်သားလိုကွာပါတယ်။ ဒါပေမယ့် အထက်ကအမိန့်ဆိုရင်တော့ ကိုယ့်နိုင်ငံရဲ့ အထွတ်အမြတ်ထားတဲ့ သံဃာတော်တွေကိုတောင် သတ်ဖြတ်ညှင်းဆဲဝန့်တဲ့ သတ္တိတွေတော့ ပိုင်ဆိုင်အောင် DSA က သင်ပေးလိုက်နိုင်ပါတယ်။
ကဲကောင်းပြီ နောက်တပုံကိုကြည့်ရအောင် . . .
ဒီပုံအတွက်ကတော့ နှိုင်းယှဉ်စရာ ဗမာပြည်တွင်းကပုံမရှိတော့ အမေရိကန်က စစ်ကျောင်းဆင်းတဲ့ ပုံကိုပဲ တင်လိုက်နိုင်ပါတယ်။ တချိန်က တော်လှန်ရေးမယ်တွေ ဒေါင်ဒေါင်မြည်မွေးထုတ်ပေးခဲ့တဲ့ ဗမာပြည်ဟာ အခုအချိန်မှာတော့ အမျိုးသမီးတွေကို ချိုးနှိမ်ထားလို့ စစ်ဗိုလ်မယားအဖြစ်နဲ့ပဲ နောက်မှာနေရာပေးထားပါတယ်။ အခုပုံမှာလို ယောက်ျားတွေနဲ့ တန်းတူ ကျောင်းဆင်းအရာရှိလောင်းအဖြစ် မြင်ဖူးချင်ရင်တော့ နောင်လာမယ့် ဒီမိုကရေစီနိုင်ငံတော်ကျမှသာ မျှော်ပါလို့ ပြောပါရစေ...
နောက်ဆုံးတပုံကို ထပ်ကြည့်လိုက်ရအောင်...
ဗမာပြည်မှာဆိုရင် တိုရှည်ရောင်းတဲ့ ကုလားမလေးအဆင့်လောက် ရုပ်ရည်မျိုးသာ ပိုင်ဆိုင်တဲ့သူလေးပါ။ ဒါပေမယ့် လူကို လူလိုသိတဲ့တိုင်းပြည်မှာ မွေးဖွားလာခဲ့တော့ လူ့အခွင့်အရေးတွေနဲ့အတူ သူဘ၀အာမခံချက်နဲ့ ဂုဏ်သိက္ခာကိုပါ တပါတည်း ပိုင်ဆိုင်ခွင့်ရခဲ့ပါတယ်။ ဘာသာခြားတာတွေ လူမျိုးခြားတာတွေ အသားအရောင်ခြားတာတွေကို ထည့်မပြောပါနဲ့ဦး ကိုယ့်တိုင်းရင်းသား အချင်းချင်းတွေအတွက်တောင် အခွင့်အရေးဆိုတာ ဝေးနေဆဲပါ။ မဟာဗမာဆိုတဲ့ သောက်တလွဲအလုပ်ကို လုပ်နေသမျှတော့ ကမ္ဘာမှာ မျက်နှာမွဲနေဦးမှာပါပဲ။
အခု ဒီပို့စ်ကိုရေးတဲ့ ကျွန်တော်က ဗမာလူမျိုးစစ်စစ်၊ ဗုဒ္ဓဘာသာဝင်တဦးပါ။
ကျေးဇူးတင်ပါတယ်
မင်းရဲကျော်စွာ
Naypidaw Bakhathttp://www.blogger.com/profile/11647180416586349915noreply@blogger.com1tag:blogger.com,1999:blog-8093286337803857854.post-27016879269433813512008-10-07T04:15:00.000-07:002008-10-07T04:18:16.197-07:00တော်ဝင်စစ်သည်တော်များရဲ့ ညနေခင်းစကားဝိုင်း (၁)
ကျွန်တော်တို့ ဘလော့ဂ်အသစ်တခု လွှင့်တင်ခွင့်ရတဲ့အတွက် ၀မ်းသာမိသလို၊ အားလုံးဖတ်စေချင်ပေမယ့်လည်း “သတ္တိမဲ့သော မီဒီယာကို အလွန်ကြောက်သော အာဏာရူးစစ်အုပ်စုတစု” ကြောင့် ပြည်တွင်းက လူတွေကတော့ အင်တာနက် စာမျက်နှာတွေကို လွတ်လွတ်လပ်လပ် ဖတ်ခွင့်မရကြတဲ့အကြောင်း ကျွန်တော်တို့ ကြားသိရတဲ့ အတွက်တော့ စိတ်မကောင်းပါခင်ဗျား။
အဲဒီတော့လည်း ပြည်တွင်းကလူတွေ ဖတ်ခွင့်မရပေမယ့်လည်း ပြည်ပက ချစ်မိတ်ဆွေတွေနဲ့ ရုရှားအပါအ၀င် အာဏာရှင်နဲ့ အလွမ်းသင့်တဲ့ နိုင်ငံတချို့မှာ စာသွားသင်နေကြတဲ့ မသိနားမလည်တဲ့ ညီငယ်စစ်ဗိုလ်လေးတွေရော၊ သိနားလည်ပြီးမှ အာဏာရှင်ကို အလုပ်အကျွေးပြုနေတဲ့ အာဏာရူး လက်သစ်လေးတွေရော သိစေဖို့ ဒီအခန်းကဏ္ဍလေးကို ဖွင့်လှစ်ဖြစ်ပါတယ်။ ဒီမိုကရေစီကို လူလိုနားလည်ပြီး နိုင်ငံရေးစနစ်ကို အဆင့်မြင့်မြင့်သိရှိထားသူတွေအဖို့ ကျွန်တော်တို့ ပေါ့ပေါ့ပါးပါးဆွေးနွေးဖြစ်တဲ့ စကားဝိုင်းအပေါ် စိတ်မကွက်မိစေဖို့ ကြိုတင်တောင်းပန်လိုပါတယ်။ ဆိုလိုတာက ကျွန်တော်တို့တွေ တောင်းဆိုနေတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုတာကို အမျိုးမျိုး အပုပ်ချ နေတဲ့သူတွေကို လူပိန်းအဆင့်လောက်ပဲ သိသွားအောင် စိတ်အညောင်းပြေ ဆွေးနွေးပြောဆိုခြင်းမျိုးပါပဲ။
တနေ့က မိတ်ဆွေဘလော့ဂ်တွေကို အလည်သွားရင်း Ultimate Fighters ဆိုတဲ့ ဘလော့ဂ်ထဲ့မှာ ဆောင်းပါးရှင် ကိုဂျွန်ရေးထားတဲ့ “ကလေးလူငယ်တွေအတွက် စာပေ လိုအပ်ချက်” ဆိုတဲ့ ဆောင်းပါးတပုဒ်ကို သတိပြုဖတ်မိပါတယ်။
(ဖတ်ချင်ရင် http://ultimateburmafighter.blogspot.com/ )
အဲဒီထဲမှာ ပညာရေးစနစ်နိမ့်ပါးလာတာနဲ့ ပတ်သက်ပြီး လူထုအုံကြွမှုအထိ ဖြစ်လာရတာကို သူကပြောပြသွားပါတယ်။ မှန်ပါတယ်။ ကျွန်တော်တို့ အသက် (၃၀) ကျော် အရွယ်တွေ ကတော့ မဆလခေတ်ကို ကောင်းကောင်းမီပြီး ပညာရေး လူမှုရေးတွေ နိမ့်ပါးဆုံးရှုံးရတာကို ကောင်းကောင်း သတိထားမိခဲ့ကြမှာပါ။ ဒီနေ့ အသက် (၂၀) ကျော် အရွယ်တွေကတော့ နီးစပ်သူတွေထဲကပဲပြောပြမှ အဲဒီအကြောင်းတွေကို သိရမှာပါ။ ထား ပါ . . . ကျွန်တော်ဆိုလိုချင်တာက အဲဒီတုန်းက လူငယ်တွေက သတ္တိကောင်းကောင်းနဲ့ မှားရင်မှားတယ်၊ မှန်ရင်မှန်တယ်လို့ ရဲရဲရင့်ရင့် ဆုံးဖြတ်ခဲ့ကြပြီး အာဏာရှင် တပါတီစနစ် ကို တွန်းလှန်ခဲ့ကြတာပါ။ ပါလီမန်ခေတ် ပညာရေးစနစ်ကောင်းချိန်က ပညာတတ် နောင် တော် အမတော်တွေနဲ့ ပညာရေးနိုင်ငံရေး ကောင်းမွန်သစ်လွင်မှုကို လိုလားကြတဲ့ ညီငယ် နှမငယ်တွေပူးပေါင်းပြီး တွန်းလှန်ခဲ့ကြလို့ တကမ္ဘာလုံး သိခဲ့ပြီး အောင်မြင်မှုတွေရခဲ့တဲ့ ၈၈၈၈ လူထုအရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့တာပါ။
အခုဘာတွေ ကွာသွားပြီလဲ …
ဒီမေးခွန်းကို ကျွန်တော်ဖြေပါ့မယ်။
လက်နက်နဲ့ ဖိနှိပ်လို့ အသက်တွေဆုံးရ၊ ထောင်ထဲမှာနှိပ်စက်ခံရပေမယ့်လည်း လူထုတွေရဲ့ သတ္တိကိုတော့ ဘယ်တော့မှ ချိုးနှိမ်လို့ မရတော့ပါဘူး။
ပထမဆုံး ကျောင်းသားတွေ စတောင်းတာက ပညာရေးစနစ်ကောင်းဖို့ပါ။ အဲဒီလို တောင်းရကောင်းလားဆိုပြီး ကျောင်းသားအခွင့်အရေးတွေကို ချိုးနှိမ်လာလို့ တဆင့်တိုးပြီး ပြည်သူတွေပါ ပါဝင်လာတဲ့ ပြည်သူ့အရေးတော်ပုံကြီး ဖြစ်လာခဲ့ရတာပါ။
ကျောင်းသားဘ၀ကနေမှ နိုင်ငံခေါင်းဆောင်ဆိုတာဖြစ်ပါတယ်။ ကိုယ့်နိုင်ငံကို တိုးတက်ဖို့ စဉ်းစားတွေးခေါ် လုပ်ကိုင်ဆောင်ရွက်တာကလည်း ကျောင်းသားတွေထဲက ပါပဲ။ အထင်ရှားဆုံး ဥပမာက ဗိုလ်ချုပ်အောင်ဆန်းပါ။ နိုင်ငံခေါင်းဆောင်ဖြစ်ဖို့ ဆိုတာကလည်း ကျောင်းသားဘ၀ ကတည်းက ခေါင်းဆောင်ဖြစ်ဖူးမှပါ။ ကျောင်းသား ဘ၀မှာ ထားရာနေ စေရာသွား ခိုင်းတဲ့ စာကိုအလွတ်ကျက် ခပ်ကုပ်ကုပ်နဲ့ ဘယ်သူနဲ့မှ လည်း အပေါင်းအသင်းမလုပ်နိုင်ဘဲ နေတဲ့သူမျိုးဟာ ဘယ်နည်းနဲ့မှ ခေါင်းဆောင်မဖြစ် ထိုက်ပါဘူး။ အဲဒီလိုမျိုးတွေမဖြစ်ရ အောင် ကျောင်းသားသမဂ္ဂဆိုတာ ပေါ်လာတာဖြစ်ပါ တယ်။ အဲဒီကမှ ကျောင်းသားနဲ့ဆိုင်တဲ့ အရေးကိစ္စတွေဆွေးနွေးကြ၊ ပညာရေးနဲ့ဆိုင်တာ တွေ ဆွေးနွေးကြနဲ့ အင်မတန်မှ ပျော်စရာလည်းကောင်း အကျိုးကျေးဇူးလည်း ရှိလှပါ တယ်။ ဒါပေမယ့် ကျောင်းဆိုတာနဲ့ အင်မတန်ဝေးလှတဲ့ ဦးနေ၀င်းဟာ ၁၉၆၂ ခုနှစ်မှာ ကျောင်းသားသမဂ္ဂအဆောက်အဦးကို ဖြိုချဖျက်ဆီးခဲ့ပါတယ်။ အဲဒီနောက်တော့ ဗမာပြည် ပညာရေးလည်း အ၀ီစိကိုဆိုက်တော့ တာပါပဲ။ ဒီနေရာမှာ ကျွန်တော့်ကို ကန့်ကွက် လာစရာအကြောင်းရှိပါတယ်။ တော်တဲ့ တတ်တဲ့သူ တယောက်တလေကို လက်ညှိုးထိုးပြီး ကျွန်တော့်ကို ပြောဆိုလာခဲ့ရင်၊ ဗမာပြည်တွင်းမှာရှိတဲ့ တက္ကသိုလ်တွေကို လက်ညှိုးထိုး ပြခဲ့ရင်... “ပညာရေးဆိုတာ ဗမာတပြည်လုံးမှာရှိတဲ့ ကျောင်းသားအရွယ်တွေ အားလုံးတတ်ဖို့အတွက်၊ တော်ဖို့အတွက်လို့ ဆိုချင်တာပါပဲ၊ ကျောင်းသား (၁၀၀၀) ရှိတဲ့အတန်းမှာ ကျောင်းသား (၁) ယောက်ထဲပဲ စာကိုသိနေတာမျိုးတွေ၊ ကျောင်းသား (၁၀၀၀) ရှိတဲ့အတန်းမှာ ကျောင်းသား (၁၀၀၀) လုံး စာမတတ်ဘဲ စာမေးပွဲအောင်နေတာ မျိုးတွေဟာ ပညာရေးကောင်းတယ်လို့ လုံးဝမဆိုနိုင်ပါဘူး”။ အဲလိုပဲ တက္ကသိုလ်တွေ ဖောင်းပွနေတာကိုလည်း ပညာရေးကို အလေးပေးတယ်လို့မဆိုနိုင်ပါဘူး။ အဓိကက ဗမာတပြည်လုံးမှာရှိတဲ့ ကျောင်းသားတိုင်းက ပညာတတ်ရမယ်လို့ ဆိုလိုတာပါ။
အဲဒီလို အားလုံးပညာတတ်ဖို့ဖိုရင် ဘာလိုမလဲ။ အဖြေက ဒီမိုကရေစီစနစ်ပါ။ ဒီမိုကရေစီစနစ်ကသာ ကျွန်တော်တို့ လိုချင်တာတွေကို ဖြည့်ဆည်းပေးမှာပါ။ ခုနက ကျွန်တော်ပြောသလို ကျောင်းသားဘ၀မှာ ခေါင်းဆောင်မဖြစ်ခဲ့သူဟာ နိုင်ငံ့ခေါင်းဆောင် ဖြစ်ထိုက်ခွင့်မရှိပါဘူး။ နောက်တခုက ကြောက်တတ်တဲ့ မိဘက မွေးလာတဲ့ သူတွေ ကလည်း သတ္တိနည်းတဲ့အတွက် အဲလိုလူမျိုးတွေက ဘယ်နေရာမှာပဲဖြစ်ဖြစ် သူရဲဘော ကြောင်ပါတယ်။
ဥပမာ - ရုရှားမှာ စာသင်နေတဲ့ထဲက (အားလုံးမပါဝင်ပါ) စစ်ဗိုလ်လေးတချို့ ဆိုပါတော့။ သူတို့ရဲ့ ဘလော့ဂ်ကပြောစကားအရဆိုရင် နိုင်ငံတော်ကလွှတ်တဲ့ နောင် တခေတ်ရဲ့ အောင် စစ်သည်များဆိုတော့ နိုင်ငံ့ခေါင်းဆောင်ပိုင်းကို တနေ့နေ့တချိန်ချိန်မှာ တာဝန်ယူမည့် သူများလို့ဆိုနိုင်ပါတယ်။ ကောင်းပြီ သူငယ်စဉ်က ဘယ်လိုကျောင်း တက်ခဲ့သလဲ။ သေချာတာကတော့ သူ့အရွယ် ၂၃၊ ၂၄၊ ၂၅ ဆိုရင် ၈၈၈၈ အရေးတော် ပုံကြီးတုန်းက သူ့အသက် ၂နှစ် ၃ နှစ်ပေါ့။ သူ့ကို သူ့မိဘက ပထမဆုံးသွန်သင်လိမ့်မယ် “သား စာကိုပဲသင်၊ ကျောင်းမှာ ဘာလုပ်လုပ် မပါနဲ့၊ DSA ၀င်အောင်လုပ်”။ “နိုင်ငံရေးနဲ့ ပတ်သက်ရင် အဖမ်းခံရမယ်၊ ကျောင်းထုတ်ခံရမယ်” စသည်ဖြင့်ပေါ့။ ကျွန်တော်ကြားဖူးတဲ့ မိဘတယောက်ရဲ့ ပြောစကားက အဲဒီထက်တောင်များပါတယ်။ ဒါပေမယ့် အနှစ်ချုပ် ကတော့ “သူတို့ကြောက်တတ်သည်” ဆိုတာပါပဲ။ နိုင်ငံရေးဆိုတာ ကိုယ့်အမျိုးသားအရေး ကိုယ့်နိုင်ငံအရေးဆိုတာကို မသိနားမလည်ဘဲ နိုင်ငံရေး ညီမျှခြင်း အန္တရာယ်လို့ လုပ်လိုက် တော့ “အာဏာရူးလက်တဆုပ်စာ၏ခါးပိုက်ဆောင်တပ်သားများ ညီမျှခြင်း သူရဲဘော ကြောင်သူများ” လို့ အဖြေကတန်းထွက်သွားတာပါပဲ။
စစ်ဗိုလ်ဘာလို့ဖြစ်ချင်ရတာလဲ။ ရှင်းပါတယ် အရပ်က ၀ိုင်းငေးရလောက်အောင် ပေါ့။ စစ်ဗိုလ်ဖြစ်ရင် အခွင့်အရေးရမယ်။ အာဏာရှိမယ်။ လုပ်ချင်တာလုပ်ရမယ်။ ၁၈ နှစ် ပြည့်ပြီးသူတိုင်း စစ်မှုမထမ်းမနေရ ဥပဒေနဲ့အတူ ဒီမိုကရေစီနိုင်ငံသာဖြစ်ခဲ့ရင် စစ်ဗိုလ်၊ ဆရာဝန်၊ အင်ဂျင်နီယာ၊ ကချေသည်၊ ဆိုက်ကားသမား၊ မန်နေဂျာ၊ ရုံးဝန်ထမ်း၊ အရောင်း မြှင့်တင်ရေးသမား၊ ရုပ်ရှင်မင်းသား အားလုံးအတူတူပဲဖြစ်သွားပြီး ကိုယ့်နိုင်ငံအကျိုးကို ညီညီညွတ်ညွတ်ဆောင်ရွက်ကြမှာပါပဲ။ စစ်သားဘ၀ကြိုက်ရင် စစ်သားဆက်လုပ်ပေါ့၊ မကြိုက်ရင် စစ်မှုထမ်းသက်ပြည့်တော့ထွက်ပေါ့။ ဒီဥပဒေကို ဦးနေ၀င်းကိုယ်တိုင် ဖျက်ဆီးခဲ့တာပါပဲ။ အားလုံးစစ်တိုက်တတ်ရင် စစ်သားဆိုတဲ့စိတ်ရှိရင် အာဏာရှင် ဆိုတဲ့စိတ် အာဏာရူးတဲ့စိတ် ဖြစ်လာမှာ မဟုတ်ပါဘူး။ အထင်ရှားဆုံးထဲက အမေရိကန် နိုင်ငံဟာ စစ်မှုမထမ်းမနေရနိုင်ငံပါ။ တခါတလေ လူ့သဘာဝအရ ဖောက်ပြန်ဖြစ်ပေါ် လာတဲ့ သတ်ဖြတ်ပစ်ခတ်မှုကလွဲလို့ ဆန္ဒပြလူအုပ်ကြီးကိုတော့ စစ်တပ်ကအကြမ်းဖက် ဖြိုခွဲတယ်ဆိုတာ မရှိခဲ့ပါဘူး။ တလောဆီတုန်းက ကိုရီးယားမင်းသားတွေ စစ်မှုထမ်းတဲ့ အကြောင်း သတင်းတွေထဲမှာပါလာတော့ ညီငယ်လေးတဦးက “ကျွန်တော်တို့လည်း ကိုယ့်နိုင်ငံအတွက် လူတိုင်းစစ်သားဖြစ်ရင်သိပ်ကောင်းမှာပဲ” လို့ ပြောပြခဲ့ဖူးပါတယ်။ ကျွန်တော်က “မင်းစိတ်ကို ခေတ်ကောင်းတဲ့အချိန်ထိမွေးထား” လို့ပဲ ပြောနိုင်ခဲ့ပါတယ်။
အဲဒီတော့ ကြောက်တတ်တဲ့ မိဘတွေကလည်း မွေးဖွားလာတယ်၊ ပညာသင်ခဲ့စဉ် ကလည်း နိုင်ငံတကာကိုမပြောနဲ့ နောင်တော်အမတွေ လက်ထက်ကလို ဝေဖန်အကြံပြု ဆွေးနွေးငြင်းခုန်ပြီး စာသင်ခဲ့တာလည်းမဟုတ်၊ ကိုယ့်ဘ၀စာသင်ချိန်မှာ “ကျောင်း အားကစား၊ ကြဘမ်းစကားပြောပြိုင်ပွဲ၊ ကျောင်းနံရံကပ်စာစောင်၊ ကျောင်းသားလှုပ်ရှားမှု၊ ကျောင်းသားဘ၀တီထွင်ဖန်တီးမှု” စတာတွေနဲ့ ကြီးပြင်းခဲ့ရတာမဟုတ်တဲ့ ညီငယ်လေး တချို့အဖို့ ခေါင်းဆောင်ကောင်းဘ၀နဲ့တော့ ဒီတသက်ဝေးနေမှာအမှန်ပါပဲ။ အဲဒီကြား ထဲကမှ မှန်တာပြောရင် နှုတ်ခမ်းတလန် ပန်းတလန်နဲ့ ရန်တွေ့တတ်တော့ နောင်ကျရင် အမှားကို အမှန်ထင်ပြီး ပြောနေမှာစိုးလို့နဲ့ ကိုယ့်ဘ၀မှန်ကို သိစေဖို့အတွက် ရေးသား လိုက်ရခြင်းပါ။ အသက် ၂၅ တင်မဟုတ်ပါဘူး အသက်သေခါနီးအထိ အမှားကို အမှားမှန်း သိရင် ပြင်ဆင်ချိန်အများကြီးရပါတယ်။ အာဏာရှင်ကို အာဏာရှင်မှန်းမသိလို့ ကိုးကွယ် ဆည်းကပ်မိတာကို အချိန်မီပြင်ဆင်နိုင်ရင် ပြည်သူတွေဖက်က အမြဲတမ်း လက်ကမ်း ကြိုဖို့အသင့်ပါပဲ။ ကောင်းတာကတော့ ကိုယ့်မှာ ကြောက်လွန်းလို့ အကာအကွယ်ရအောင် စစ်ထဲဝင်လာပြီးမှ နည်းနည်းလေးလည်း ပါဝါလေးရှိလာရော ပတ်ဝန်းကျင်ကို စော်ကား မော်ကားလုပ်တာမျိုးကိုတော့ လုံးလုံးကြီး မရှောင်နိုင်သေးရင်တောင် နည်းနည်းချင်း ရှောင် ကြည့်ပါ။ အကျိုးရှိလာပါလိမ့်မယ်။
(အားလုံးကို အရွယ် သုံးပါးမသိစွာဖြင့် စော်ကားနေသော opposite eye မှ ညီငယ်လေး တချို့သို့)
ဘုရင့်နောင်
Naypidaw Bakhathttp://www.blogger.com/profile/11647180416586349915noreply@blogger.com1tag:blogger.com,1999:blog-8093286337803857854.post-71658095130993360182008-09-25T08:29:00.001-07:002008-09-25T08:43:32.159-07:00မတရားမှုအတွက် တရားမျှတမှု အပိုင်း (၂)
သူမနက်မိုးလင်းတော့ ညက အိပ်ရေးအနည်းငယ်ပျက်ပေမယ့် လန်းဆန်းနေ တယ်။ ရေချိုးခန်းထဲမှာ ခင်မောင်တိုးရဲ့ “လွန်ခဲ့သောနေ့” သီချင်းကို ဆိုရင်း ရေချိုးလိုက် တယ်။
“တီ တီ တီ . . . ” ဆိုတဲ့ သူ့ လက်ကိုင်းဖုန်းမြည်သံကြောင့် ရေကိုအမြန်ချိုးပြီး ရေချိုးခန်းထဲက ထွက်လိုက်ပေမယ့် ဖုန်းကို ကိုင်လိုက်တော့ ဖုန်းကျသွားပြီ။ Miss Call ပဲ မြင်ရတော့တယ်။ ဒါနဲ့ သူ miss call ကိုဖွင့်ကြည့်လိုက်တော့ စိန်အောင် ဆိုတဲ့ နာမည်ကို သွားတွေ့တယ်။ ခဏနေ ဖုန်းပြန်မြည်လာတော့ သူကိုင်လိုက်တယ်။ စိန်အောင်ပြန်ဆက် တာပါ။
“ကိုရဲလား …”
စိန်အောင့်ဆီက ကုလားသံဝဲဝဲနဲ့ မိတ်ဆက်စကားသံကိုကြားရတယ်။
“ဟုတ်တယ် ကိုစိန် ပြော . . .”
“ဒီနေ့ ကိုရဲ အခန်းသွားကြည့်မယ်ဆို ကျွန်တော် လာခေါ်ရမလား၊ ကိုရဲလာခဲ့ မလား”
“ကျွန်တော်လာခဲ့လိုက်မယ်၊ ကိုစိန် စောင့်နေလိုက်”
“အဲဒါဆို ၃၈ လမ်းထိပ်ကပဲ စောင့်မယ်”
“အိုကေ၊ ကျွန်တော် နောက် ၁၅ မိနစ်ဆိုရောက်ပြီ”
“ဟုတ်ကဲ့ ကိုရဲ” လို့ ပြောပြီး စိန်အောင်ဖုန်းချသွားတယ်။
အခန်းသွားကြည့်မယ်ဆိုတာက သူတို့ရဲ့ အချိန်းအချက်စကား။
စိန်အောင်က သူတို့ အဖွဲ့ထဲက ရဲဘော် အမှတ် (၁၃)၊ ကံမကောင်းတဲ့ နံပါတ်ကိုယူ ထားပေမယ့် ကံကတော့ အခုအချိန်အထိကောင်းနေဆဲပဲ။ သူက မူဆလင်ဘာသာဝင် တယောက်၊ အိမ်ပွဲစားအလုပ်ကို ကျွမ်းကျွမ်းကျင်ကျင်လုပ်နိုင်ပြီး သစ္စာရှိသူတယောက်၊ ဘာသာတရားကို ရိုသေကိုင်းရှိုင်းပြီး တခြားဘာသာတရားတွေကိုလည်း အပြန်အလှန် လေးစားတတ်သူတယောက်။ အတန်းပညာကို ၁၀ တန်းအထိပဲ သင်ဖူးပေမယ့် ပြင်ပဗဟုသုတတွေနဲ့ လုပ်ငန်းမှာ ပေါင်းသင်းရသူတွေဆီက လေ့လာလိုက်စားသင်ယူ တတ်မှုကြောင့် ပညာတတ်တဦးလို ပြောဆိုဆက်ဆံလုပ်ကိုင်တတ်ပြီး ပတ်ဝန်းကျင်နဲ့ လည်း အဆင်ပြေတဲ့သူတယောက်ဖြစ်တယ်။ သူ့ရဲ့ တဦးတည်းသော ညီမလေး မြစ်ကြီးနားကအမျိုးတွေအိမ်ကို မရောက်ခင် လမ်းမှာအသတ်ခံလိုက်ရတယ်။ လုံလုံခြုံခြုံ သပ်သပ်ရပ်ရပ်ဝတ်စားတတ်ပြီး ရန်ကုန်တက္ကသိုလ်မှာ ဒုတိယနှစ် ရူပဗေဒအဓိကနဲ့ ပညာ သင်ယူနေဆဲ အိန္ဒိယချော ချောမော လှပသူလေးတဦးဖြစ်တယ်။
မြန်မာပြည်ရဲ့ထုံးစံအတိုင်း စစ်ဆေးရေးဂိတ်တွေကအများသားလေ။ မြို့အ၀င်စစ် ဆေးရေးဂိတ်မှာ မသင်္ကာလို့ဆိုပြီး သူ့တယောက်ထဲကိုမှ ကားပေါ်ကဆွဲချသွားခဲ့တယ်။ တာဝန်ကျအရာရှိဖြစ်တဲ့ ဗိုလ်ကြီးသန်းဇော်ဆိုသူက “မ”ဖက်မှာ ဒိတ်ဒိတ်ကြဲဖြစ်မှန်း အားလုံးအသိ၊ လက်အောက်ငယ်သားတွေကလည်း ဖိန့်ဖိန်တုန်အောင် ကြောက်ကြရသူ။ ဒါပေမယ့် သတ်ပစ်လောက်အောင်အထိတော့ ဖြစ်သွားလိမ့်မယ်လို့ ဘယ်သူကမှ မထင်ခဲ့ မိဘူး။ ရန်ကုန်ကမိသားစုတွေက မြစ်ကြီးနားအိမ်ကို ဖုန်းလှမ်းဆက်တော့မှ မရောက် သေးဘူးဆိုပြီး လိုက်ရှာကြတော့ နောက်တရက် အဲဒီတပ်နဲ့ ခပ်လှမ်းလှမ်းက တောစပ်မှာ လည်ပင်းက အညိုအမဲဒဏ်ရာတွေနဲ့ တွေ့ကြရတယ်။ ဆရာဝန်ရဲ့ ဆေးစစ်ချက်မှာ မတရားပြုကျင့်ထားတဲ့ အကြိမ်ပေါင်း (၆) ကြိမ်ထက်မနည်းရှိမယ်လို့ ခန့်မှန်းထားပြီး ဘယ်ဖက်အဆုတ်ကွဲထားတယ်။ လည်ပင်းကို ညှစ်ထားတဲ့ဒဏ်ရာကြောင့် သေဆုံးရခြင်း ဖြစ်တယ်လို့ ဆေးစာမှာရေးထားတယ်။ လချီကြာတဲ့အထိ တရားခံရှာမတွေ့ဘူးဆိုပြီး ရဲစခန်းကလည်း လုပ်ထားတယ်။ တပ်ထဲက သန်းဇော်ကို ကြည့်မရတဲ့ အောက်ခြေပိုင်းက စစ်သားတွေဆီကတဆင့် သန်းဇော် မတော်မတရားကျင့်ပြီး သတ်လိုက်တာမှန်း တဖြည်း ဖြည်းပေါ်လာပေမယ့် မြန်မာပြည်ရဲ့ တရားဥပဒေက အဲဒီစစ်ဗိုလ်အတွက် လုံခြုံတဲ့ တံတိုင်း တခုလို အကာအကွယ်ပေးခဲ့ပြီး အဲဒီအနီးတ၀ိုက်က ရွာသားတချို့ မဆီမဆိုင်နဲ့ အဖမ်းခံခဲ့ရ တယ်။ နောက်ဆုံးမတတ်သာတော့မှ သူမကြည်တဲ့ တပ်ကြပ်ကြီးတယောက်ကို အတင်း အကြပ်ဖိအားပေးပြီး စစ်ကြောရေးလုပ်ဝန်ခံခိုင်းပြီး ထောင်ထဲကိုထည့်လိုက်တယ်။ တပ်ကြပ်ကြီးလည်း ရှေးဘ၀က၀ဋ်ကြွေးတွေ ကြောင့် ထောင်ဒဏ်အနှစ် (၂၀) ကျသွားပြီး ရဲဘက်စခန်းမှာ ငှက်ဖျားနဲ့ ဆုံးသွားခဲ့ရရှာတယ်။ ဒါတွေအားလုံး သန်းဇော်လက်ချက်ဆို တာသိပေမယ့် ဘယ်သူမှ မပြောရဲကြဘူး။
အဲဒီစစ်ဗိုလ်ရဲ့ မတရားမှုကို ဥပဒေပြင်ပကနေ ဖြေရှင်းဖို့အတွက် စိန်အောင် မန္တလေးကို ရထားစီးပြီးလာစဉ်မှာပဲ သူနဲ့ ဆုံတွေ့ခဲ့ကြတာဖြစ်တယ်။ စိန်အောင်ရဲ့ ညှိုးငယ်နေပြီး နာကျည်းမှုတွေပေါ်လွင်နေတဲ့ မျက်နှာကို သူသတိထားမိတယ်။ အိန္ဒိယ ကားထဲက မင်းသားတယောက်နီးပါး ချောမောခန့်ညားပေမယ့် သူ့ညီမလေးစိတ်နဲ့ သူ့ရုပ်က ကျနေတာကို သတိထားမိတယ်။ ပျဉ်းမနားဘူတာကျော်တဲ့အထိ တဦးနဲ့တဦး အသိ အမှတ်ပြုမှုရှိပေမယ့် ဟက်ဟက်ပက်ပက်မရှိလှတဲ့ စိန်အောင့်ကို သူက စကားတွေ ပြောကြည့်ရင်းနဲ့ အဖြေရှာလိုက်တဲ့အခါကျမှ ခုနက အဖြစ်မှန်တွေကိုသိခဲ့ရတာဖြစ်တယ်။
စိန်အောင့်ကို မြစ်ကြီးနားမသွားခင် တရက်အလိုမှာ နန်းရှေ့ရေနီမြောင်းဘေးနားက စားသောက်ဆိုင်တခုမှာချိန်းပြီး စည်းရုံးနိုင်ခဲ့တယ်။ သူတို့အဖွဲ့ရဲ့ (၁၃) ယောက်မြောက် ရဲဘော်ဖြစ်လာခဲ့တယ်။ စိန်အောင့်ရဲ့အရည်အချင်းကို ဘာမှမဟုတ်တဲ့ စစ်ဗိုလ်တကောင် ကြောင့် ဒုက္ခမရောက်စေချင်ဘူးလေ။ သူတွေးတာမှန်ပါတယ်။ ညီမလေးအတွက် သောက တွေနဲ့ ထင်ရာစိုင်းဖြစ်တော့မယ့် စိန်အောင်ဟာ လမ်းကြောင်းမှန်ပေါ်မှာ သူတို့အတွက် အထောက်အကူအများကြီးဖြစ်ခဲ့ပါတယ်။ အခု သူတို့ ရွေးချယ်ထားတဲ့ပစ်မှတ်အတွက် ပစ်ကွင်းကောင်းဖို့ အခင်းအကျင်းဟာ စိန်အောင့်အပေါ်မှာ အများကြီး မူတည်နေပြီး အဓိကတာဝန်ယူရမယ့် သူ့အတွက် စိန်အောင့်ရဲ့ ဖောက်ခွဲရေးပစ္စည်း ဖန်တီးမှုတာဝန်ဟာ အရေးပါလို့နေတယ်။ သင်လိုက်တဲ့ အရာတိုင်းကို ခဏနဲ့ တတ်လွယ်တဲ့ စိန်အောင့်ကို သူ တော်တော် သဘောကျမိတယ်။
သူ့အတွေးစတွေ ခဏဖြတ်ထားပြီး အိမ်ခန်းတံခါးကို သော့ခတ်လိုက်တယ်။
“ကိုရဲ သွားပြီလား”
ဘေးခန်းက ရပ်ကွက်အတွင်းရေးမှူးရဲ့အသံကြောင့်
“ဟုတ်ကဲ့၊ အကိုရော ရုံးသွားပြီလား” လို့ အပြန်အလှန်နှုတ်ဆက်လိုက်တယ်။
သူက ခေါင်းဆတ်ပြပြီး၊ သူ့ကို အရင်ဆင်းပါဆိုတဲ့သဘော လက်ဟန်ပြလိုက်တော့ သူ လှေကားကနေ မပြေးရုံတမယ် ခပ်သွက်သွက်ဆင်းခဲ့တယ်။
၃၈ လမ်းထိပ်ရောက်တော့
“ကိုရဲ လက်ဖက်ရည်သောက်ဦးမလား” လို့ စိန်အောင်ကမေးတော့
“အင်း ကောင်းသားပဲ ဘယ်မှာသောက်မလဲ”
“ကရားကြီးသွားရအောင်လေ” လို့ သူပြန်ပြောလိုက်တယ်။
“ကိုစိန် ဘယ်သွားမလို့လဲ” ဆိုတဲ့ လမ်းထိပ်က ပွဲစားမတယောက်ကလှမ်းမေး လိုက်သံကို စိန်အောင်က . . .
“ကိုရဲကို အခန်းပြမလို့” ဆိုပြီး ခပ်ပြတ်ပြတ်ဖြေလိုက်တယ်။
“ကျွန်မတို့ဆီမှာရှိတယ်” လို့ပြန်ဖြေတော့
“ငါမှာရှိပြီးသား နင်တို့ကိုအဆင်ပြေခဲ့ရင် မုန့်ဖိုးပြန်ပေးမယ်” လို့ စိန်အောင်ပြန်ဖြေ တော့ သူတို့ လည်း အတွန့်ထပ်မတက်တော့ဘူး။
အားလုံး စီးပွားရေးမပြေလည်ကြချိန်မှာ ရတာရှိရင် ခွဲဝေပေးတတ်တဲ့ စိန်အောင့် အကျင့်ကြောင့် ပွဲစားထုံးစံအတိုင်း လုပ်လေ့လုပ်ထရှိတဲ့ ဇွတ်ပွဲခလိုက်တောင်းတာမျိုး၊ ရုပ်ပျက်ဆင်းပျက် လိုက်လာတာမျိုးတွေကို စိန်အောင့်အပေါ်မှာတော့ ဘယ်သူမှ မလုပ်ကြ ဘူးဆိုတာ သူအသိဆုံး။
ဘိုကလေးဈေးလမ်းထိပ်က ကရားကြီးဆီကို သူတို့နှစ်ဦးလုံး ဦးတည်လိုက်ကြ တယ်။ ကရားကြီးမှာ လက်ဖက်ရည် ၂ ခွက်နဲ့ ပလာတာ တယောက် တခုစီစားကြပြီး သူ ပိုက်ဆံရှင်းလိုက်တယ်။ မိုးလင်းစပဲရှိသေးတယ် တောင်းတဲ့ကလေးတွေနဲ့ ပလပ်စတစ် ကောက်တဲ့ ကလေးငယ်လေးတွေက ဗန္ဓုလလမ်းပေါ်မှာ တယောက်စ နှစ်ယောက်စ မြင်နေရပြီ။ သူတို့တွေရဲ့ အနာဂတ်တွေကို ဆက်မတွေးရဲစရာပဲလို့ သူတွေးမိတယ်။ စိန်အောင် အငှားကားသမားနဲ့ အပြန်အလှန်ဈေးဆစ်နေသံကြားမှ သူ့အတွေးစ ပြန်ပြတ် သွားပြန်တယ်။ ထုံးစံအတိုင်း ဆီဈေးတွေက ဘယ်၍ဘယ်မျှဖြစ်လို့ ကားမောင်းနေရတာ မကိုက်တဲ့အကြောင်းတွေကို ဖောင်နေလောက်အောင်ပြောတဲ့ ကားမောင်းသူရဲ့ ဖျော်ဖြေတဲ့ အသံကို နားဆင်ရင်း ရေစက်မှတ်တိုင်မှာ ဆင်းလိုက်ကြတယ်။ ပြီးတော့ အင်ကြင်းမြိုင် လမ်းထဲက ရုပ်ရှင်သမားတွေအများဆုံးလာတတ်တဲ့ ခြံအနီးက ခြံဝင်းတခုထဲကိုဝင် လိုက်တယ်။
“ကိုရန်ရှင်းရှိလား” လို့ ခြံစောင့်ကိုမေးလိုက်ပြီး သူတို့ ခြံဝမှာရပ်စောင့်နေ လိုက်တယ်။ စိန်အောင့်ကို မျက်မှန်းတန်းမိသူဖြစ်လို့ ခြံစောင့်လည်း ချက်ခြင်းပဲ ဖွင့်ပေးလိုက်တယ်။ ခြံလမ်းလေးအတိုင်း နှင်းဆီပန်းခင်းလေးကိုဖြတ်ပြီး ပေါ်တီကို အောက်အထိ လျှောက်ခဲ့ကြတယ်။
“လာ ကိုရဲနဲ့ ကိုစိန်အောင်” လို့ အသံသြသြ၊ အသားဖြူဖြူ တရုတ်သွေးပါသူ ကိုရန်ရှင်းဆိုသူက အိမ်ထဲကနေဖိတ်ခေါ်လိုက်တယ်။ ဧည့်ခန်းကိုဖြတ်ပြီး ကိုရန်ရှင်းရဲ့ စာကြည့်ခန်းဆီကို ဆက်သွားခဲ့ကြတယ်။ ကိုရန်ရှင်းရဲ့ စာကြည့်ခန်းထဲမှာ စာအုပ်တွေ ပြည့်နှက်နေပြီး အထူးသဖြင့် ဓာတ်ပုံပညာနဲ့ပတ်သက်တဲ့ စာအုပ်စာတမ်းတွေက ပိုများ တယ်။ ကိုရန်ရှင်းက ဓာတ်ပုံသမားတယောက်ဖြစ်ပြီး သူတို့ အဖွဲ့ရဲ့ အဖွဲ့ဝင်အမှတ် (၅) ဖြစ် တယ်။ ကိုရန်ရှင်းရဲ့ဇနီးကတော့ ယုဇနပလာဇာမှာ အထည်ဆိုင်ဖွင့်ထားတယ်။ အထူး သဖြင့် သူ့အမျိုးသမီးဆိုင်ကို စစ်ဗိုလ်ကတော်တွေအများဆုံး လာဝယ်လေ့ရှိတယ်။ ဒါပေ မယ့် သူတို့အဖွဲ့ဝင်ဖြစ်တဲ့အကြောင်းကိုတော့ သူ့အမျိုးသမီးကိုတောင် နည်းနည်းမှ အသိမပေးတဲ့အထိ နှုတ်လုံသူဖြစ်တယ်။ မိဘအစဉ်အဆက်ချမ်းသာသူဖြစ်ပြီး သုဝဏ္ဏက အခုနေနေတဲ့ အိမ်ကတော့ သူ့အမျိုးသမီးပိုင်တဲ့ အိမ်ဖြစ်တယ်။ သူနေရခြင်းရဲ့ ရည်ရွယ် ချက်က စစ်ဗိုလ်ချုပ်တွေ အများဆုံးနေတဲ့ နေရာတခုဖြစ်တာကြောင့် သူတို့ လုပ်မယ့် လုပ်ငန်းတွေအတွက် အသုံးတည့်အောင် နေထိုင်နေခြင်းပဲဖြစ်တယ်။
တတ်နိုင်သမျှ အာဏာရှင်အသိုင်းအ၀ိုင်းနဲ့ ၀င်ဆံ့အောင်ပေါင်းခဲ့တာ အခုဆိုရင် ကိုရန်ရှင်းနဲ့ ညနေတိုင်းဂေါက်ရိုက်ဖော်ဟာ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရှိတဲ့ အာဏာရှင် တဦးဖြစ်နေတယ်။
သူ့စာကြည့်စားပွဲမှာ ၁၉ လက်မအရွယ် မော်နီတာနဲ့ ကွန်ပျူတာတလုံးကို မြင်နေ ရပေမယ့်၊ ဘီရိုထဲကနေ လက်ဆွဲကွန်ပျူတာကလေးကို ထုတ်ပြီးဖွင့်လိုက်တယ်။ လုပ် ဆောင်ရမယ့် လုပ်ငန်းစဉ်တွေကို သူတို့ (၂) ဦးကိုဖတ်စေပြီး၊ စာကိုဖျက်ပစ်လိုက်တယ်။ မနေ့က သူ့အတွက် သီးသန့်ညွှန်ကြားချက်နဲ့ ဘာမှ မကွာပေမယ့် သူသွားရမယ့် အခုဟာက ပစ်မှတ်ရဲ့ အိမ်အခင်း အကျင်းကို 3D နဲ့ ဆွဲထားပြီး အချိန်အတိုင်းအတာနဲ့ လုပ်ဆောင်သွားရမယ့် လုပ်ငန်းစဉ်တွေကိုလည်းဖော်ပြထားတယ်။ နောက်တခုက google earth ကနေ ပစ်မှတ်အိမ်ရဲ့ ကောင်းကင်မြေပုံကိုလည်း ဖော်ပြထားတယ်။ အခု သူပြတဲ့ ရည်ရွယ်ချက်က အိမ်ခြံဝင်းတွင်း အပြင်အဆင်ကို အလွတ်မှတ်ဖို့ဖြစ်ပြီး၊ စိန်အောင်နဲ့အတူ ပစ်မှတ်ရဲ့ အိမ်အပြင်ဖက် အခင်းအကျင်းတွေကို လမ်းလျှောက်ပြီး သွားလေ့လာရမှာ ဖြစ်တယ်။ ကိုရန်ရှင်း နေအိမ်နဲ့ ပစ်မှတ်အကွာအဝေးက မီတာ ၃၀၀ လောက်ရှိမယ်လို့ သူခန့်မှန်းမိတယ်။ ကိုရန်ရှင်းရဲ့ နေအိမ်နဲ့ကပ်လျှက် ကျောကပ်တိုက်ကနေ မျက်နှာချင်း ဆိုင်လောက်မှာ သူတို့ရဲ့ပစ်မှတ်ရှိတယ်။ ကြားထဲမှာ ကွင်းပြင်တခုခြားနေတယ်။ သူမှတ် စရာရှိတာကိုမှတ်ပြီး ကိုရန်ရှင်းရဲ့ နေအိမ်ကနေ ထွက်လာခဲ့ကြတယ်။ ပစ်မှတ်နဲ့ ၂ အိမ် ကျော်လောက်အရောက်မှာ သူက လက်ကိုင်ဖုန်းကို ထုတ်လိုက်တယ်။ ဖုန်းပြော ဟန် ဆောင်ပြီး တလျှောက်လုံး သူ့ဖုန်းကင်မရာနဲ့ ဗီဒီယိုမှတ်တမ်းတင်လိုက်တယ်။ ဒါဆိုရင် သူတို့ (၂) ဦးအတွက် အားလုံးပြည့်စုံသွားပြီ။ မနက်ဖြန်တရက်ပဲ အချိန်ရှိတော့တယ်။ ဒီလူယုတ်မာ အာဏာရှင်တဦးအတွက် လူ့ပြည်မှာနေခွင့်လည်း တရက်ပဲ ကျန်တော့ တယ်လို့ သူတွေးပြီး ပြုံးမိတယ်။
စိန်အောင်က သူ့ဆီမှာရောက်နေပြီဖြစ်တဲ့ ယမ်းပျော့တွေနဲ့ စနစ်တကျ စီရင်ထားတဲ့ သူတို့ရဲ့ လက်လုပ်ဗုံးကို ညနေ (၃) နာရီမှာ လာပေးမယ့်အကြောင်းပြောပြီး သူတို့ (၂) ဦး လမ်းခွဲလိုက်ကြတယ်။ သူက ယုဇနပလာဇာကိုဝင်ပြီး ငွေလွှဲထုတ်ရဦးမယ် လေ။
ဘတ်စ်ကားပေါ်က ဆင်းဆင်းခြင်းပဲ ယုဇနပလာဇာဖက်ကို လမ်းကူးလိုက်တယ်။ ကိုအောင်ဘော့် အမျိုးသမီးဆိုင်ကိုကျော်ပြီး CD တွေ DVD တွေ ရောင်းတဲ့ ဆိုင်တွေဖက် ဦးတည်လိုက်တယ်။ “မျှော်လင့်ခြင်း”လို့ ကဗျာဆန်ဆန်နာမည်ပေးထားပြီး ဘယ်လိုမှ ကဗျာမဆန်တဲ့ အသားမည်းမည်း ကွမ်းဗလဗျစ်လူတယောက်ရှိတဲ့ CD အရောင်းဆိုင်ရှေ့ မှာ သူ့ရဲ့ လမ်းလျှောက်ခြင်းတွေ ရပ်ပြီး သူငွေလာထုတ်တဲ့အကြောင်းပြောလိုက်တယ်။ အဲဒီလူက သူ့ဆီကမှတ်ပုံတင်တောင်းပြီး စာအုပ်တအုပ်မှာ ငွေလက်ခံရရှိကြောင်း လက်မှတ်ထိုးခိုင်းလိုက်တယ်။ မြန်မာငွေ သိန်း (၄ဝ) ကို ကျွတ်ကျွတ်အိတ်ထဲမှာ ပေါ့ပါးစွာကိုင်းရင်း အဲဒီလူကို နှုတ်ဆက်ပြီး ထွက်လာခဲ့တယ်။ ငွေတွေများတာကြောင့် ဘတ်စ်ကားနဲ့ မပြန်ဘဲ အငှားကားနဲ့ပြန်ဖို့ သူဆုံးဖြတ်လိုက်တယ်။
နေ့လည်ပိုင်း အိမ်မှာပဲ အနားယူလိုက်တယ်။ ညနေ စိန်အောင်ယူလာတဲ့ပစ္စည်းကို ပစ်မှတ်မှာ သွားရောက်တပ်ဆင်ရမယ်။ အဲဒီအတွက် အိမ်တွင်းအပြင်အဆင်ကို ကိုရန်ရှင်း ဆီကမှတ်လာတဲ့ မြင်ကွင်းကို ထပ်ပြီးစဉ်းစားလိုက်တယ်။ လုပ်ဆောင်စရာတွေကို ခေါင်း ထဲမှာ အလွတ်မှတ်ထားပြီး နေ့လည်စာစားဖို့ ပြင်ဆင်လိုက်တယ်။ အချိန်က နေ့လည် ၁၂ နာရီတောင် ခွဲနေပြီ။
“တီ တီ တီ . . .” နဲ့ သူ့ လက်ကိုင်ဖုန်းက မြည်လာတာကြောင့်
“ဟဲလို”
“ကိုရဲလား ကျွန်တော် အောင်မြင့်ဦးပါ။ ကျွန်တော် အပြင်ကနေဆက်နေတာ။ မနက်ဖြန် သုဝဏ္ဏမှာ မြန်မာ့လက်ရွေးစင်နဲ့ အာရှလက်ရွေးစင်ဟောင်းများ ချစ်ကြည်ရေး ပွဲရှိတယ်။ အကို လိုက်မယ်ဆိုရင် ကျွန်တော်လာခေါ်မယ်လေ။”
“မင်းကွာ အားအားယားယား . . .”
“အကို ကြိုက်မယ်ထင်လို့ နာကာတာတို့လည်းပါမှာအကိုရ”
ပြီးမှ သူတစုံတခုကို သတိရသွားပြီး
“အေးပါ နာကာတာပါမယ်ဆိုတော့ ငါလည်းကြည့်ချင်သားပဲ။ အလုပ်တွေထားခဲ့ မယ်ကွာ၊ ဘယ်သူတွေပါသေးလဲ”
“ကျွန်တော့် သူငယ်ချင်း စစ်ဗိုလ်ငကြောင်တကောင်တော့ပါမယ်၊ အဲဒါတော့ အကို ခွင့်လွှတ်ပေး၊ ဒီကောင်လည်း မင်္ဂလာဒုံမှာ သင်တန်းလာတက်တုန်း ပိတ်ရက်နဲ့ဆုံတုန်း လေး ကြည့်ချင်တယ်ဆိုလို့”
“အေးပါ ကြည့်ပစေပေါ့”
သူတချက်ပြုံးလိုက်တယ်။ နှုတ်ခမ်းတွန့်ပြီး ပြုံးတယ်ဆိုရုံလေး။
ဖုန်းပြောအပြီး ထမင်းစားလိုက်တယ်။ ပြီးတော့ ညနေအတွက် အားမွေးဖို့ တရေး တမောအိပ်လိုက်တယ်။ ညနေ ၃ နာရီမထိုးခင် ၁၅ မိနစ်လောက်အလိုမှာ သူနိုးလာတယ်။
“တီ တီ တီ ….” ဆိုတဲ့ သူ့ဖုန်းသံကို ကြားလိုက်တော့ စိန်အောင့်ဆီကမှန်းသိနေပြီ။
“ကိုရဲ စက်တလုံးပြင်မလို့ လာခဲ့တော့မယ်နော်”
“ဟုတ်ကဲ့ ကျွန်တော်အဆင်သင့်ပဲ” လို့ပြောလိုက်တော့ သူဖုန်းချသွားတယ်။
၁၅ မိနစ် လောက်နေတော့ စိန်အောင်ရောက်လာတယ်။ သူ့ ပခုံးပေါ်မှာ ကွန်ပျူတာ system ပုံးကိုထမ်းလို့။ သူက သူ့အခန်းတံခါးကိုပိတ်လိုက်ပြီး စိန်အောင့်ဆီက system ပုံးကို လှမ်းယူလိုက်တယ်။ ပုံးအဖုံးကို ခွာလိုက်တော့ စနစ်တကျထည့်လာတဲ့ ဗုံးကို တွေ့လိုက်ရတယ်။ အဲဒီဗုံးကို ယူပြီး တခြား system ပုံးထဲကို ပြောင်းထည့်ပြီး ပိတ်လိုက်တယ်။ စိန်အောင်က သူလုပ်ထားတဲ့ ဗုံးရဲ့ စနစ်ကို ပြောပြတယ်။ သူက စိန်အောင့်လက်ထဲကို ငွေ (၁၀) သိန်း ထည့်ပေးလိုက်တယ်။ ညနေ ၄ နာရီ မထိုးခင်မှာ ခုနက system ပုံးကို ထမ်းပြီး သူအိမ်အောက် ကိုဆင်းခဲ့တယ်။
“ကိုရဲတို့များ သူများတွေအလုပ်ပါးချိန်မှာ အလုပ်ကိုဖြစ်နေတာပဲနော်” ဆိုတဲ့ အသံ ကိုကြားတော့ အတွင်းရေးမှူးရဲ့ မိန်းမဖြစ်နေတယ်။
“မဟုတ်ပါဘူး အမရယ် နည်းနည်းပါ” ဆိုပြီး သူအိမ်အောက်ကိုဆင်းခဲ့တယ်။
သူလမ်းထိပ်ကိုရောက်တော့ အငှားကားတစီး အသင့်ရောက်လာတာနဲ့ သုဝဏ္ဏလို့ ပြောပြီး တက်လိုက်ခဲ့တယ်။ ကိုရန်ရှင်းအိမ်ရှေ့မှာရပ်ခိုင်းပြီး ကျသင့်ငွေကိုရှင်းပေးလိုက် တယ်။ ကိုရန်ရှင်းခြံစောင့်က သူ့လက်ထဲက system ပုံကိုလှမ်းယူပြီး အိမ်ထဲကို ၀င်ခဲ့ကြ တယ်။ ကိုရန်ရှင်းအခန်းထဲအထိ ခြံစောင့်က လိုက်ပို့ပြီး ကိုရန်ရှင်းက စာကြည့်ခန်းထဲကနေ ဆီးကြိုနေတယ်။
“ကဲ ကိုရဲ အေးအေးဆေးဆေးလုပ်ပေတော့” လို့ ပြောပြီး စာကြည့်ခန်းတံခါးကို ပိတ်လိုက်တယ်။ သူ့ခြံစောင့်ကိုလည်း
“ဘမောင် ငါဒီနေ့အလုပ်ရှုပ်နေတယ်၊ ဧည့်သည်လာရင်မရှိဘူးပြောလိုက်ကွာ”
“ဆရာ့ကားမြင်နေရင်ကောဘယ်လိုလုပ်မလဲ”
“မင်းမလဲတုံးလိုက်တာ၊ သူများနဲ့ လိုက်သွားတယ်ပြောပေါ့ကွ”
“ဟုတ်ကဲ့ဆရာ” လို့ပြောပြီး ကိုရန်ရှင်းခြံစောင့်ထွက်သွားတာကို သူလှမ်းမြင်လိုက် တယ်။
သူတို့ (၂) ဦး အခန်းထဲမှာ စိန်အောင်ဆင်ပေးလိုက်တဲ့ ဗုံးကို အသေအချာစစ်ဆေး ပြီး နောက်ဆုံးအဆင့် တပ်ဆင်ရမယ့် နေရာနဲ့ ကိုက်ညီမှုရှိမရှိ ကြည့်လိုက်တယ်။ သေချာပြီဆိုတော့ ကိုရန်ရှင်းက သူ့လက်ထဲကို Heavy Duty ဓာတ်ခဲ ၂ လုံး၊ အဝေးထိန်း စနစ်ပါတဲ့ ကိရိယာလေးနဲ့ နိုကီယာဖုန်းနဲ့ပြုလုပ်ထားတဲ့ ဗုံးအတွက် အဝေးထိန်း ခလုပ် ကလေးကို သူ့လက်ထဲအပ်လိုက်တယ်။ အဝေးထိန်းစနစ်ကို စိန်အောင်လုပ်ထားတဲ့ ဗုံး ကိုယ်ထည်မှာချည်နှောင်လိုက်ပြီး အဝေးထိန်းခလုပ်ကလေးကိုတော့ သူ့လက်ဆွဲအိတ်ထဲ ကိုထည့်လိုက်တယ်။ အခုမှ ညနေ ၅ နာရီခွဲပဲရှိသေးတော့ သူတို့ ပစ်မှတ်က ဂေါက်ကွင်း ကတောင် ပြန်မရောက်လောက်သေး ဘူး။ ၆ နာရီလောက်မှာပြန်ရောက်တတ်ပြီး ၇ နာရီ လောက်အထိ မြက်ခင်းပေါ်မှာ အနားယူ တတ်တယ်။ သူအနားယူတဲ့နားမှာ ရေစက်ရှိပြီး ဗုံးကို အဲဒီထဲမှာ ဆင်ထားခဲ့ရမယ်။ သူဆင်တဲ့ဗုံးက တညလုံးနဲ့ တနေ့ခင်းလုံး အနားယူနေပြီး နောက်နေ့ ညနေကျမှ အာဏာ ရှင်တဦးကို လူ့ပြည်ကနေ ငရဲပြည်ကိုပို့ဖို့ တာဝန်ကျေအောင် လုပ် ဆောင်ပေးလိမ့်မယ်။
“ကိုရဲ ခေါင်းအေးအေးထားလုပ်နော်၊ လိုရမယ်ရ လက်အိတ်အထူကိုယူသွား။ ခင်ဗျားခြံစည်းရိုးကိုကျော်တဲ့အခါကျရင် လျှပ်စစ်ဓာတ်မလွှတ်ထားတောင် သံဆူးကြိုးဒဏ် တော့ မခံရဘူးပေါ့။”
“ဟုတ်ကဲ့” လို့ပြောလိုက်ပြီး သူက လက်ဆွဲအိတ်ထဲကနေ ကိုရန်ရှင်းအတွက် (၁၀) သိန်းထုတ်ပေးလိုက်တော့
“ကျွန်တော့်ကို မပေးနဲ့တော့လေ။ ခင်ဗျားပဲယူထားလိုက်တော့။ ခင်ဗျားလုပ်နေရတဲ့ တာဝန်တွေကများတယ်”
“မဟုတ်ဘူးလေ၊ ကိုရန်ရှင်းဖက်က လုပ်ပေးတဲ့သူတွေအတွက်လည်း ကိုရန်ရှင်း အိတ်စိုက်ချည်းပဲ လုပ်မနေနဲ့ဦးလေ၊ ဒီထဲကပဲပေးပေါ့” ဆိုတော့ ကိုရန်ရှင်းလက်ခံလိုက် တာကို သူပြုံးပြလိုက်တယ်။
“ကိုရဲ ညနေစာစားတော့မလား” ဆိုတော့
“ကျွန်တော် ပြန်လာမှ စားမယ်လေ၊ အောင်ပွဲအကြိုပေါ့” ဆိုတော့ ကိုရန်ရှင်းက အသံထွက်အောင်ပြုံးပြပြီး လက်မထောင်ပြတယ်။
၇ နာရီ ၃ဝ မှာတော့ သူက ကိုရန်ရှင်းအိမ်မှာ အဆင်သင့်ထားတဲ့ ရေငုတ်ဝတ်စုံလို အနက်ရောင်ကိုယ်ကျပ်ဝတ်စုံကို ၀တ်ဆင်ပြီးနေပြီ။ ဗုံးထည့်ထားတဲ့ သားရေအိတ်ကို ကျောမှာ လွယ်လိုက်ပြီး နောက်ခန်းမလွယ်ပေါက်ကတဆင့် ကားဂိုထောင်ဆီကိုထွက်ခဲ့ တယ်။ ကိုရန်ရှင်းရဲ့ prado ကားနားကနေ ရပ်စောင့်နေချိန်မှာ
“ဟေ့ စာကြည့်ခန်းထဲမှာ ကိုရဲ ကွန်ပျူတာပြင်နေတယ်နော်။ ဘယ်သူမှ အနှောင့် အယှက်သွားမပေးကြနဲ့ ကြားလား” လို့ သူ့အိမ်က မိသားစုတွေကို ပြောဆိုနေသံ ကြားလိုက်ရတယ်။ ခဏနေတော့ သူကားနောက်ခန်းမှာ ဝမ်းလျားမှောက်လျှက် လိုက်လာတယ်။ ကိုရန်ရှင်းက ရှေ့ကမောင်းတယ်။ ၅ မိနစ်တောင်မကြာလိုက်ဘူး ကိုရန်ရှင်းက
“ကိုရဲ အသင့်” လို့ပြောလိုက်တာနဲ့ ကားတံခါးခလုပ်ကို အသာဖွင့်လိုက်တယ်။ ကိုရန်ရှင်း ကားအရှိန်နှေးသွားချိန်မှာ တံခါးကနေ ဂျွမ်းထိုးပြီးလှိမ့်ဆင်းလိုက်တယ်။ နောက်ခြေထောက်နဲ့ ကားတံခါးကို အသာကန်ပြီးပိတ်ပေးလိုက်တယ်။ ဂျူဂျစ်ဆုပညာကို ခါးပတ်အနက် (၃) ဆင့်အထိ သင်ကြားခဲ့တဲ့ သူ့အဖို့ ဖော့ကလေးလို သူ့ ခန္ဓာက မြေပေါ်ရောက်သွားချိန်မှာတော့ ကိုရန်ရှင်းကားတံခါးလည်း ပိတ်ပြီးသားဖြစ်နေပြီ။ သူက နေ့ခင်းတုန်းက ကြည့်ခဲ့တဲ့အတိုင်း အာဏာရှင်အိမ်နဲ့ကပ်ရက် ဆောက်လက်စတိုက်တခုရဲ့ စည်းရိုးအပေါက်ကနေ အသာတိုးဝင်ခဲ့တယ်။ အဲဒီတိုက်ကို စောင့်တဲ့ အစောင့်ရဲ့ ဆေးလိပ်မီးရဲရဲကို မှောင်ထဲကနေလှမ်းမြင်လိုက်တယ်။ သူက အရက်သမားဆိုတာ သိပြီးသားဆိုတော့ သူစိတ်ပေါ့သွားမိတယ်။ အခုဆောက်နေတဲ့တိုက်ကလည်း ဗိုလ်ချုပ် တယောက်ရဲ့တိုက်ပါပဲ။ သေချာတာကတော့ အခုလုပ်ငန်းစဉ်အောင်မြင်သွားခဲ့ရင် အဲဒီဗိုလ်ချုပ်တော့ အိမ်ရောင်းပြီး ဒီနေရာကနေခွာမှာဆိုတာ သေချာနေသလောက်ပဲ။
သူ ခြံစည်းရိုးကိုကပ်ပြီး အမှောင်ရိပ်အကျဆုံးနေရာကိုရွေးလိုက်တယ်။ အဲဒီနေရာ က အုတ်နံရံတက်ပြီးသားဆိုတော့ အစောင့်က လှမ်းမမြင်နိုင်ဘူး။ မြင်လည်း ကိစ္စမရှိဘူး၊ အဲဒီလူ အရက်တော်တော်မူးနေပြီ။ အဲဒီနေရာကနေ အုတ်တံတိုင်းနားမှာ လှေကားအသေး တခုကို အသင့်တွေ့တာနဲ့ ထောင်ပြီး တဖက်ကိုကျော်တက်ဖို့ လုံးပမ်းလိုက်တယ်။ တဖက်က သစ်ပင်အုံ့နေတဲ့နေရာနားအထိ သူလှေကားကို အသာရွှေ့လိုက်တယ်။ သေချာပြီဆိုတော့ သူလှေကားပေါ်ကိုအသာတက်ခဲ့တယ်။ သံဆူးကြိုးနားကိုရောက်တော့ ပါလာတဲ့ tester နဲ့ စမ်းကြည့်လိုက်တော့ သူ ကိုရန်ရှင်းကိုကျေးဇူးအထူးတင်မိတယ်။ ဓာတ်အားတွေလွှတ်ထားတယ်လေ။ သူ့လက်အိတ်က ခံနိုင်ရည်ရှိတာမှန်ပေမယ့် ခြေရာလက်ရာမပျက်ဖို့နဲ့ သူတို့လွှတ်ထားတဲ့ ဓာတ်အားတွေပြတ်မသွားဖို့ လိုအပ်တာ ကြောင့် သူအောက်ကို ခဏပြန်ဆင်းလိုက်တယ်။ အောက်မှာ သစ်သားချောင်း (၁) ပေ လောက်များတွေ့နိုင်မလားဆိုပြီး သူရှာလိုက်တယ်။ နံရံနဲ့ကပ်ပြီး ၄ လက်မ ၂ လက်မ တချောင်း ၁ ပေခွဲလောက်ကိုတွေ့လိုက်တော့ သူတော်တော်ပျော်သွားမိတယ်။ အဲဒါကို သူယူပြီး လှေကားပေါ်ပြန်တက်ခဲ့တယ်။
လှေကားကိုခြေကုပ်ယူပြီး သံဆူးကြိုးကို လူတကိုယ်ဝင်သာရုံ သစ်သားချောင်းနဲ့ ထောက်လိုက်တယ်။ ပြီးမှ ဝမ်းလျားထိုးလျှိုပြီးဝင်လိုက်တယ်။ တဖက်မှာ လှေကားမရှိပေ မယ့် မန်ကျည်းပင်ကိုင်းတခုက လက်တလှမ်းမှာပဲ ရှိနေတယ်။ ကံကောင်းတာက အဲဒီ နေရာကလည်း မှောင်ရိပ်ကျနေတယ်။ သူ သစ်ကိုင်းကိုဆွဲပြီး ခိုလိုက်တယ်။ ပြီးမှ အောက်ကို အသံမကြားအောင် ခြေဖော့ပြီးခုန်ချလိုက်တယ်။ အားလုံးတော့ အဆင် ပြေနေဆဲပါပဲ။ အစောင့် စစ်သားတွေနေတဲ့ အိမ်ဆီကိုလှမ်းကြည့်လိုက်တော့ သူတို့လည်း တဖက်အိမ်က အစောင့်နည်းတူပါပဲ တော်တော်မူးနေကြပြီ။ သူတို့အဘ အိမ်ထဲပြန် ၀င်တုန်း မိနစ် ၃၀ လောက်မှာ နွားငတ်ရေကျသောက်ကြပုံရတယ်။ သူကိုယ်ကိုဝပ်ပြီး ရေစက်ရှိရာကို သတိထားပြီး တွားသွားလိုက်တယ်။ အဲလိုမသွားလို့မဖြစ်ဘူး၊ မီးရောင်တွေက အဲဒီနေရာမှာရှိတယ်။ သူ့အတွက် အကာအကွယ်ဆိုလို့ အလှမြက်ခင်းစိုက်ထားတဲ့ အုတ်ဘောင် ၁ ပေနီးပါးထုပဲရှိတယ်။ ဒါပေမယ့် သူ့ကိုယ်ပေါ်မှာ အနက်ရောင်ဝတ် ထားတာကြောင့် တော်ရုံလူက အမှတ်တမဲ့ဆိုရင် သတိထားမိမှာ မဟုတ်ဘူး။ ဒါပေမယ့် သူ့လှုပ်ရှားမှုကိုတော့ တတ်နိုင်သမျှ သတိထားလိုက်ပြီး ရေစက်နားအရောက်သွားလိုက် တာ နောက်ထပ်ခြေနှစ်လှမ်းစာဆိုရင် ရောက်တော့မယ်။ အစောင့်တွေက သံဆူးကြိုးတွေ ဓာတ်အားလွှတ်ထားတာကိုလည်း အားကိုးထားတဲ့ပုံပါပဲ။ လှုပ်ရှားမှုသိပ်မရှိဘူး။ သူတို့ကို ဒီအိမ်နဲ့ပတ်သက်တဲ့ သတင်းပေးလုပ်တဲ့ တပ်ကြပ်ကြီး ကတော့ ရှေ့တန်းကို သွားရလို့ ဒီမှာမရှိတော့ဘူး။ သူသတိကိုလုံးဝမလွတ်အောင် ထိန်းချုပ်နေရတော့ ထင်သလောက် ခရီးမပေါက်သလိုဖြစ်နေတယ်။ ဒါပေမယ့် အား ကောင်းတဲ့ လက်နှိပ်ဓာတ်မီးတချက် ၀င်းသွားတာကို သတိထားမိတော့ အုတ်ဘောင်နဲ့ ကိုယ်ကို အတတ်နိုင်ဆုံး ပြားကပ်နေလိုက်တယ်။
“ဟေ့ကောင် ဘိုထင် ရေစက်နားမှာ ရိပ်ကနဲမြင်လိုက်တယ်”
“မင်းကလည်းကွာ ဒီခြံထဲကို ဘယ်သူလာနိုင်မှာလဲ၊ သံဆူးကြိုးတွေကိုလည်း ဓာတ် အားတွေလွှတ်ထားတာ”
“ဒါပေမယ့် ငါမြင်လိုက်သလိုပဲ”
“မင်းတော်တော်မူးနေပြီထင်တယ်၊ မင်းက မူးလာပြီဆို ဒီအတိုင်းပဲ၊ ဟိုတခါက လည်း သူရဲဆိုပြီး မင်းအော်တာမှတ်မိသေးလား။ အေး အဲဒီတုန်းက အဘက နေပြည် တော်ရောက်နေလို့၊ အခု ငါတို့ ဆူဆူညံညံလုပ်ရင် အဘသိသွားလိမ့်မယ်၊ အဘခဏ နေအိပ်တော့မယ်၊ ခုနေပြန်ထွက်လာရင် မင်းရောငါရော အလုပ်ပြုတ်သွားမယ် သိလား”
“အေးပါကွာ၊ ငါလည်းစိတ်ထင်လို့ပါ”
“အေးဆေးသောက်ဟေ့ကောင်၊ ဒီခြံထဲကို ခြင်တကောင်တောင် ၀င်နိုင်မှာမဟုတ် ဘူး”
အစောင့်စစ်သားတွေ ပြောနေသံခပ်သဲ့သဲ့ကို သူကြားလိုက်တယ်။ သူရယ်ချင်မိ သွားတယ်။ ဒါပေမယ့် သူမရယ်ရက်ပါဘူး၊ တရားမျှတမှုအတွက် သူကတိုက်ပွဲဝင်နေချိန်မှာ သူအန္တရာယ်ကြီးသလို သူတို့လည်းအန္တရာယ်များပါတယ်။ နောက်ပြီး သူတို့က အာဏာရှင်လို ရက်စက်ယုတ်မာတဲ့ အတိုင်းအတာက ဘယ်လောက်ထိရှိနိုင်မှာလဲ။ သူတို့ဘ၀က ခိုင်းတာလုပ် ထားရာနေ စေရာသွားမဟုတ်လား။ သူတို့တာဝန်ပေါ့လျော့မှုက သူ့အတွက် ကံကောင်းစေပေမယ့် သူတို့အတွက်တော့ ကံမကောင်းပါဘူး။ သူတို့ နောက်ကွယ်က သူတို့ကို မှီခိုနေတဲ့ သူတို့မိသားစုတွေဘ၀ရှေ့ရေး၊ ဒါပေမယ့် သူမတတ်နိုင် ပါဘူး။ သူတို့ ကံကောင်းပါစေလို့ပဲ ဆုတောင်းရမှာပဲ။ အခုလောလောဆယ်တော့ အာဏာ ရှင်တဦး ငရဲပြည်သွားမယ့်ခရီးအတွက် သူတို့ရဲ့ ပေါ့လျော့မှုက ပူးပေါင်းပါဝင်ပေးနေတယ် လို့ပဲ သူယူဆလိုက်တယ်။ သူစဉ်းစားရင်းနဲ့ ရေစက်ရဲ့ နံရံကို ကပ်မိသွားပြီ။ ဘယ်နေရာမှာ ဗုံးကို ကပ်ရမလဲ၊ သူနေရာရွေးလိုက်တယ်။
သူရေစက်နားရောက်ခါမှ ဗြုန်းကနဲဖွင့်လိုက်တဲ့ ဆူညံတဲ့ ရေစက်သံကြောင့် သူ့နား တွေ အူသွားတယ်။ ဒါပေမယ့် ဗုံးဆင်နေချိန်မှာ ဖြစ်ပေါ်လာနိုင်တဲ့ အသံတွေကို ဒီရေစက် သံက ဖုံးသွားနိုင်တာကြောင့် သူဝမ်းသာသွားတယ်။ အဖွင့်အပိတ်တံခါးမှာတော့ ဗုံးကို တပ်ဆင်ဖို့ မဖြစ်နိုင်ဘူး။ ဒါ့ကြောင့် သူ့ကိုယ်ကို ရေစက်ဘေးဖက်ရွှေ့လိုက်တယ်။ အဲဒီနေရာက အိမ်တွေကို တံစက်မြိတ်နေရာဖြစ်ပြီး ၄ လက်မ ၁ လက်မ ပျဉ်ချောင်းတခုနဲ့ ခါးပန်းလို ပြန်ချုပ်ရိုက်ထားတာကြောင့် သူဗုံးဆင်ထားခဲ့ရင် ဘယ်သူမှမြင်နိုင်မှာမဟုတ် ဘူး။ သူဗုံးကိုထုတ်လိုက်ပြီး ရေစက်အမိုးမှာ ပါလာတဲ့ သံနန်းကြိုးနဲ့ စနစ်တကျ ချည်နှောင်တပ်ဆင်လိုက်တယ်။ ပြီးတော့ အဝေးထိန်းကိရိယာကို ဖွင့်လိုက်တယ်။ အဝေးထိန်းကိရိယာဖြစ်တဲ့ နိုကီယာဖုန်းလေးကိုတော့ ပါဝါဖွင့်မထားသေးဘဲ သူ့အိတ်ထဲ ကို အသာပြန်ထည့်ထားလိုက်တယ်။ သေချာမှုရှိမရှိနဲ့ ခြေရာလက်ရာပျက်မပျက် သူ အသေအချာစစ်ဆေးလိုက်ပြီး သူပြန်ထွက်ခွာဖို့ပြင်ဆင်လိုက်တယ်။ အားလုံးသေချာပြီဆို တော့ သူနောက်ပြန်တွားပြီး မူလနေရာကို သွားလိုက်တယ်။ စိတ်ပေါ့ပါးနေလို့လားတော့ မသိဘူး မန်ကျည်းပင်အောက်ခြေကို ခဏနဲ့ ပြန်ရောက်လာတယ်လို့ ထင်မိတယ်။ သစ်ပင် ကို ကြောင်တကောင်လို ပေါ့ပါးသွက်လက်စွာနဲ့ တက်လိုက်ချိန်မှာပဲ အစောင့်စစ်သားတွေ နေတဲ့ဆီက စစ်သားတယောက် သူရှိရာဖက်ကို လာနေတာတွေ့ရတယ်။ သူနံရံကို အမြန်လှမ်းဆွဲပြီး သံဆူးကြိုးအောက်ကို ခုနက တုတ်လျှိုထားတဲ့အတိုင်း လှိမ့်ဝင်လိုက် တယ်။ သူထင်တဲ့အတိုင်းပဲ မန်ကျည်းပင်ကို လက်နှိပ်ဓာတ်မီးနဲ့ လှမ်းထိုးတာကို သူထောင်ထားခဲ့တဲ့ လှေကားပေါ်အရောက် လှမ်းမြင်လိုက်ရတယ်။ သူအောက်ကိုဆင်းပြီး ချိန်မှာပဲ လှေကားကို မူရင်းနေရာအတိုင်း လက်ရာမပျက်အောင်ပြန်ထားလိုက်တယ်။ သူ့ရဲ့ စေ့စပ်သေချာမှုက သူတို့နောက်ကို ဘယ်လိုမှ လိုက်လို့မရအောင်ဖြစ်နေလိမ့်မယ်။ အားလုံးပေါင်း မိနစ် (၂၀) လောက် ကြားသွားတယ်။ နောက်ထက် (၅) မိနစ်ဆိုရင် ကိုရန်ရှင်းကား လာတော့မယ်။ သူခြံရှေ့ကိုပြန်ရောက်ဖို့ အစောင့်ရဲ့အခြေအနေကို လှမ်း ကြည့်လိုက်တယ်။ လာတုန်းကအတိုင်း နံရံကိုကပ်ပြီး တဖြည်းဖြည်းချင်းရှေ့တက်ခဲ့တယ်။ သူခြံရှေ့က ခြုံလေးတခုနားကပ်နေချိန်မှာ သုဝဏ္ဏရဲ့ အထက်တန်းလွှာရပ်ကွက်ကြီး တခုလုံးက ခြောက်ကပ်တိတ်ဆိတ်လို့။ မနက်ဖြန် အခုချိန်လောက်ဆိုရင်တော့ စည်ကားနေမယ်လို့ သူထင်တယ်။ ရဲတွေ စစ်သားတွေနဲ့ပေါ့။ ခဏနေတော့ ကိုရန်ရှင်းကားကို ကွင်းဘေးကနေချိုးလာတာ သူတွေ့လိုက်တယ်။ မီးကို (၃) ချက် အဖွင့်အပိတ်လုပ်ပြလိုက်တော့ သူ ပုန်းနေတဲ့ ခြုံကလေးကနေ အသင့်ပြင်ထားလိုက် တယ်။
ကားပေါ်ရောက်ချိန်မှာတော့ သူ ရင်တွေ မခုန်စဖူးခုန်နေလို့လေ။ ကိုရန်ရှင်းကို သူလက်မထောင်ပြလိုက်တော့ ကိုရန်ရှင်းက ကားမောင်းနေရင်းက လက်မပြန်ထောင်ပြ လိုက်တယ်။
နောက်ဖေးတံခါးကနေသူအသာပြန်ဝင်ပြီး အခန်းထဲမှာ ဟန်မပျက်နေလိုက်တယ်။ ခဏနေတော့ ကိုရန်ရှင်းက
“ကိုရဲ ထမင်းစားရအောင်” လို့ ခေါ်သံနဲ့အတူ အခန်းထဲဝင်လာတာကိုတွေ့ရတယ်။
မရှေးမနှောင်းပဲ ကိုရန်ရှင်းအမျိုးသမီးက
“ကိုရန်ရှင်းက မခေါ်နဲ့ဆိုလို့ ခုနကတောင် ကျွန်မတို့ ထမင်းစားတော့ ကိုရဲကိုလာခေါ်ဖို့ သတိရသေးတယ်”
“ဟုတ်ကဲ့ အမ ကျွန်တော် ကိုရန်ရှင်းနဲ့ အခုစားလိုက်ပါတော့မယ်” လို့ ရင်ခုန်သံ နည်းနည်းပါနေတဲ့ လေသံနဲ့ ပြန်ဖြေလိုက်တယ်။ ကိုရန်ရှင်းအမျိုးသမီးကတော့ သူတို့တွေ ဘယ်သွားလိုက်မှန် နည်းနည်းလေးမှ သတိထားမိဟန်မတူဘူး။
မနက်ခင်းကို မနေ့ကလိုပဲ ပေါ့ပါးလန်းဆန်းစွာနဲ့ သူနိုးလာတယ်။ မြို့မငြိမ်းရဲ့ ပြည်တော်ဝင်သီချင်းကို သီဆိုလို့ သူ့မနက်ခင်းကိုကြိုဆိုလိုက်တယ်။ ဒီနေ့မနက်ခင်းတခု လုံးနဲ့ နေ့လည်ပိုင်းတပိုင်းလုံး သူအိမ်မှာပဲ လုပ်စရာရှိတယ်။ ညနေပိုင်းကျမှပဲ သူ့သူငယ်ချင်းတွေနဲ့ ဘောလုံးပွဲကိုသွားရမှာလေ။ အဲဒီကျမှ … … … သူ့အစီအစဉ်ကိုဆက် မတွေးတော့ဘဲ ပြုံးတယ်ဆိုရုံလေး တကိုယ်ထဲ ကြိတ်ပြုံးမိတယ်။ ညနေကျရင်တော့ ပြည်တွင်းက ဂျာနယ်သမားတွေနဲ့ လက်ပွေ့ရောင်းကြတဲ့ ဂျာနယ်အရောင်းသမားလေးတွေ ကို အလုပ်အကျွေးပြုရတော့မယ်လို့လည်း ပီတိဖြစ်မိသေးတယ်။
“တီ တီ တီ …” ဖုန်းသံကြားကတည်းက အောင်မြင့်ဦးမှန်းသိလိုက်တယ်။ ဒီကောင် ၀ီရိယကောင်းလှပါလား။ အခုမှ နေ့လည် ၂ နာရီခွဲပဲရှိသေးတယ်။
“အကိုအိမ်မှာပဲလား”
“အေး၊ လာခဲ့လေ”
“မတက်တော့ဘူးအကို ကျွန်တော်တို့ အောက်ကပဲစောင့်တော့မယ်”
“အခုရောက်နေပြီလား”
“မရောက်သေးဘူးအကို အိမ်နားကဆက်နေတာ”
“အေးရောက်ရင်ပြော”
“ဟုတ်ကဲ့အကို”
အောင်မြင့်ဦးဖုန်းချသွားတော့ သူရေချိုးခန်းကို တခေါက်ပြန်ဝင်လိုက်တယ်။
ရေချိုးအပြီးမှာ ပြောလို့ရတဲ့ဖုန်းကို ခါးမှာချိတ်လိုက်တယ်။ အဝေးထိန်းခလုပ်ပါတဲ့ ဖုန်းကိုတော့ ဘောင်းဘီအိတ်ထဲမှာထည့်လိုက်တယ်။ ဖုန်းမြည်သံပြန်ကြားတော့ အောင်မြင့်ဦး ဖြစ်နေတာနဲ့ ဆင်းခဲ့တော့မယ့်အကြောင်းပြောပြီး ပစ္စည်းတွေကျန်လား စစ်ဆေးပြီး အိမ်တံခါးကို သော့ပိတ်ဆင်းခဲ့တယ်။
အောင်မြင့်ဦးက သူ့သူချင်းစစ်ဗိုလ်ကားပေါ်ကနေလှမ်းခေါ်လို့ သူတို့ကားရပ်ထား တဲ့နေရာကို သူလျှောက်လိုက်တယ်။ ရောက်ရောက်ချင်းပဲ …
“ကိုရဲ ကျွန်တော့်သူငယ်ချင်းနဲ့ မိတ်ဆက်ပေးပါရစေ … ဒါ (….) တပ်က ဗိုလ်ကြီး အောင်မျိုးအေးပါ”
“ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ်”
“ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ်ကိုရဲ။ ကျွန်တော်ဗိုလ်ကြီးအောင်မျိုးအေးပါ။ ကျွန်တော်လည်း ဒီနေ့သင်တန်းပိတ်လို့ လာကြည့်နိုင်တာ။ ကျွန်တော့်ကိုလည်း အောင်မြင့်ဦးလိုပဲခင်နိုင်ပါတယ်။”
“ဟုတ်ကဲ့” လို့ပြောပြီး သူကားပေါ်တက်လိုက်တယ်။
“ဘောလုံးပွဲကောင်းကောင်းမကြည့်ရတာကြာပြီအကိုရာ ခုမှပဲကြည့်ရတော့မယ်”
“နာကာတာအပြင်ဘယ်သူတွေပါသေးလဲ”
“အီရန်က အလီဒါယီနဲ့ ကိုရီးယားက ဟောင်မြန်ဘိုတို့ပါတယ်၊ ဂိုးသမားကတော့ ဆော်ဒီကကောင်ပဲ”
“မြန်မာဖက်ကရော …”
“မျိုးလှိုင်ဝင်းကိုတော့ ပြန်ထည့်ထားတယ်ပြောတယ်၊ စိုးမြတ်မင်းကတော့ အသင်း ခေါင်းဆောင်ပဲ”
“အေးဒါဆိုရင်တော့ ပွဲကမဆိုးလောက်ပါဘူး။ ကြည့်ကောင်းမယ်ထင်ပါတယ်။”
သူနဲ့ အောင်မြင့်ဦး စကားတွေ အချီအချပြောနေချိန်မှာ ဗိုလ်ကြီးအောင်မျိုးအေး ကတော့ ကားကို ဂရုတစိုက်မောင်းရင်းနဲ့ သုဝဏ္ဏကွင်းဆီကိုဦးတည်လို့ …
ကွင်းနားကိုမရောက်ခင်ကတည်းက လူအုပ်ကြီးက မည်းသည်းနေတယ်။ ဘောလုံးပွဲကောင်းတွေနဲ့ နာမည်ကျော်ဘောလုံးသမားတွေကို မြန်မာပြည်က ဘောလုံးချစ် တဲ့သူတွေ အရှင်လတ်လတ်ကြည်ချင်ကြပေမပေါ့လို့ သူတွေးလိုက်တယ်။
အထူးတန်းကလက်မှတ်ဝယ်ပြီး သူတို့ကွင်းထဲကိုဝင်ခဲ့ကြတယ်။
“ကိုရဲဘာစားဦးမလဲ” လို့ အောင်မြင့်ဦးကပြောတော့
“မင်းကြိုက်တာသာဝယ်ခဲ့ပါကွာ ရေဗူးတော့မမေ့နဲ့” လို့ သူမှာလိုက်တယ်။
ပိုက်ဆံကိုသူထုတ်မယ်လုပ်တော့ ဗိုလ်ကြီးအောင်မျိုးအေးက သူထုတ်ပါရစေပြော ပြီး အောင်မြင့်ဦးလက်ထဲထည့်လိုက်တယ်။ အောင်မြင့်ဦး မုန့်သွားဝယ်နေတုန်း
“ကိုရဲက တကိုယ်တော်ပဲလား” လို့ အောင်မျိုးအေးမေးတာကို
“တကိုယ်တော်ပါပဲဗျာ၊ ကြိုက်မယ့်သူလဲမရှိပါဘူး” လို့ ရင်းရင်းနှီးနှီးပြန်ပြောလိုက် တယ်။ အောင်မြင့်ဦးပြန်လာတော့ သူတို့ ပွဲကြည့်စင်ပေါ်ကိုတက်ခဲ့ကြတယ်။
ပထမပိုင်းမှာ ချစ်ကြည်ရေးပွဲဖြစ်တာကတကြောင်း ခြေကကွာတာကတကြောင်း ကြောင့် ပွဲကအေးနေတယ်။ ဒါပေမယ့် အာရှလက်ရွေးစင်အသင်းက ၂ ဂိုးသွင်းထားပြီးပြီ။ ပထမပိုင်းမှာ မျိုးလှိုင်ဝင်းကို နည်းပြက ထည့်မသုံးသေးဘူး။ အလီဒါယီနဲ့ နာကာတာတို့က တဂိုးစီသွင်းထားပြီးပြီ။ ပွဲကအေးပေမယ့် သူတို့ (၃) ဦးသားစလုံး ပွဲထဲမှာပဲ စိတ်ရောက်နေ လို့ တယောက်နဲ့တယောက် စကားမပြောမိကြဘူး။ ပရိသတ်ရဲ့ အော်ဟစ်အားပေးသံတွေ ကလည်း ဆူညံနေလို့။
ဒုတိယပိုင်းစချိန်မှာတော့ မြန်မာအသင်းက နည်းနည်းသွက်လာတယ်။ ပွဲကလည်း ပထမပိုင်းထက် ပိုပြီး မြန်လာတယ်။ မြန်မာအသင်းဖက်က မျိုးလှိုင်ဝင်းပါလာပြီ။ သူခြေထောက်ထဲကို ဘောလုံးရောက်သွားတိုင်း ပရိသတ်ကလည်း ၀က်ဝက်ကွဲအားပေး ကြတယ်။ ပွဲကစားချိန် တ၀က်လောက်ရောက်တော့ ဆလိုက်မီးအလင်းရောင်တွေက မြက်ခင်းပေါ်မှာ လင်းနေပြီ။ ပတ်ဝန်းကျင်ကလည်းမှောင်စပျိုးနေပြီ။ သူနာရီကိုကြည့်လိုက် တော့ ၆ နာရီထိုးပြီ။ ပွဲမစခင် စတိတ်ရှိုးအစီအစဉ်ကလည်း ရှိသေးတော့ ပွဲချိန်နောက်ကျ သွားတယ်။ အားကစားဝန်ကြီးရဲ့ အရေမရအဖတ်မရမိန့်ခွန်းကြောင့်လည်း အချိန်ပိုကြာ သွားတယ်။ ဒါပေမယ့် သူဝမ်းသာသွားတယ်။ ပွဲသာစောစောပြီးသွားရင် မလွယ်ဘူး။ အခုအတိုင်းဆိုရင် နောက်ထပ်ပွဲချိန် မိနစ် ၂၀ အကျန်မှာ သူ့လုပ်ငန်းစဉ်ကို အကောင် အထည်ဖော်ရတော့မယ်။ ကိုရန်ရှင်းဆီက ဖုန်းလာရင်တော့ သူ့ဘောင်းဘီထဲက အဝေးထိန်းစနစ်ပါတဲ့ဖုန်းကို ထုတ်ပြီး အဆင်သင့်ပြင်ရတော့မယ်။
“တီ တီ တီ…” ဆိုပြီး ဆူညံနေတဲ့ကြားထဲက သူ့ဖုန်းသံကို သတိထားမိတယ်။
“ကိုရဲလား၊ ဘယ်ရောက်နေလဲ”
“ကျွန်တော်ဘောလုံးပွဲကြည့်နေတယ်ကိုရန်ရှင်း”
“ခင်ဗျားစက်ကောင်းသွားပြီလား ၀င်းဒိုးတက်ပြီလား”
“၀င်းဒိုးတက်နေပါပြီ၊ ဓာတ်ပုံဖိုင်တွေ ဖွင့်ကြည့်လိုက်ဦးမယ်”
“အိုကေ”
သူနားလည်သွားတယ်။ ပစ်မှတ်ကအိမ်ရောက်နေပါပြီ။ “၀င်းဒိုးတက်နေပါပြီ” ဆိုတာ သူတို့ချင်းဘာသာစကား။ ဒါဆိုရင် သူ့လှုပ်ရှားရတော့မယ်။ ပြောတဲ့ဖုန်းကို ဘောင်းဘီအိတ်ထဲမသိမသာထည့်ပြီး အဝေးထိန်းပါတဲ့ဖုန်းနဲ့ လဲလိုက်တယ်။ ဖုန်းနံပါတ် တွေကို ရှာသလိုလုပ်ပြီး ခလုပ်ကိုဖွင့်လိုက်တယ်။ ပတ်ဝန်းကျင်ကတော့ ဘောလုံးပွဲထဲမှာ မြောနေတယ်။ ပွဲကလည်း ပြီးခါနီးနေပြီ။ မြန်မာအသင်းက ဒီအတိုင်းဆို (၂) ဂိုးပြတ်နဲ့ ရှုံးတော့မယ်။ ဗုံးဖောက်ရမယ့် ခလုပ်ပေါ်ကို လက်တင်ထားလိုက်ပြီး ပွဲကို ဆက်ကြည့် လိုက်တယ်။ မျိုးလှိုင်ဝင်းဆွဲပြေးတာကို ဟောင်မြန်ဘိုဖျက်တာကြမ်းလို့ ဘီးကုတ်စက်ဝိုင်း နားလေးမှာ ပြစ်ဒဏ်ဘောရတယ်။ ဒါကို စိုးမြတ်မင်းသွင်းမယ်။ ပရိသတ်လည်း ခဏတော့ တိတ်ဆိတ်သွားတယ်။ စိုးမြတ်မင်းသွင်းဖို့ အရှိန်ယူ ပြေးနေတုန်းမှာ ပရိတ်သတ်ဆီက အားပေးသံတွေ ပြန်ညံလာတယ်။ သူလည်း နည်းနည်းတော့ ရင်ခုန်လာတယ်။ ပရိတ်သတ်ဆီက “ဂိုး” ဆိုတဲ့ မြည်ဟည်းသံကြီးနဲ့အတူ သူလက်ကခလုပ်ကို မျက်နှာမပျက်နှိပ်လိုက်တယ်။ သူ့စိတ်ထဲမှာ မြေကြီး နည်းနည်းတုန်သွားတယ်လို့ ထင်မိတယ်။ ဂိုးသွင်းပြီး ၇ မိနစ်လောက် ကစားပြီးတော့ ပွဲချိန်က စေ့သွားပါပြီ။ ကစား သမားတွေလည်း ပရိတ်သတ်ကိုနှုတ်ဆက်ပြီး ကွင်းထဲကထွက်သွားကြသလို သူတို့လည်း ပွဲကြည့်စင်ပေါ်ကနေ အောက်ကို ဆင်းခဲ့ကြတယ်။
ကွင်းပြင်ပမှာတော့ ခါတိုင်းနဲ့မတူတဲ့ လုံခြုံရေးတွေကိုတွေ့ရပြီး အခုမှလာကြပုံပါပဲ။ သူကတော့ နားလည်လိုက်ပြီ။ သူတို့ ကားအပ်ထားတဲ့ဆီကနေထွက်လာတော့ လူအုပ်ကြီးနဲ့မို့ ဖြည်းဖြည်းချင်းမောင်းထွက်ခဲ့ရတယ်။ သံသုမာလမ်းပေါ်ရောက်တော့ ရှေ့က ကားတွေပိတ်နေတာနဲ့ သူတို့ကားလည်း အရှိန်ပြန်နှေးသွားပြန်တယ်။
“တာဝန်အရစစ်ပါရစေ” လို့ ရဲအရာရှိဝတ်စုံနဲ့တယောက်ကခွင့်တောင်းတော့
“ဟုတ်ကဲ့စစ်ပါ” လို့ ဗိုလ်ကြီးအောင်မျိုးအေးက ပြန်ပြောလိုက်တယ်။ တဆက် တည်း “ကျွန်တော် ဗိုလ်ကြီးအောင်မျိုးအေးပါ (….) တပ်ကပါ၊ ဘာများဖြစ်လို့လဲ” လို့ဆက်မေးလိုက်တယ်။ ရဲအရာရှိက ချက်ချင်းပဲ အလေးပြုပြီး
“ဟုတ်ကဲ့ဗိုလ်ကြီး သုဝဏ္ဏက ဗိုလ်ချုပ် (…….) အိမ်မှာ ဗုံးပေါက်ကွဲမှုဖြစ်ပါတယ်။ ဗိုလ်ချုပ် (…….) ကတော့ ဖြစ်တဲ့ နေရာမှာပဲဆုံးသွားပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ လုံခြုံရေးအရ စစ်ဆေးနေတာပါ”
“ဟာ” ဆိုတဲ့ ဗိုလ်ကြီး အောင်မျိုးအေးဆီက အာမေဋိတ်သံနဲ့အတူ အောင်မြင့်ဦး ဆီလည်း ထွက်လာတယ်။
“အဲဒါဆို ကျွန်တော်လည်း ဒီကမိတ်ဆွေတွေကို ပြန်ပို့ပြီး တပ်ကိုပြန်မှဖြစ်မယ်။ နောက်ထပ်ရော ဘယ်သူတွေပါသွားသေးလဲ”
“သူ့သားအကြီး ဗိုလ်မှူး ….. နဲ့ သူ့ လက်ထောက်တယောက်လည်း အခြေအနေ ဆိုးတယ်လို့ပြောတယ်” လို့ပြောအပြီး ရဲအရာရှိလည်း သူ့ကို အလေးပြုလိုက်တယ်။ သူက အလေးပြန်ပြုနှုတ်ဆက်ပြီး ကားကို အဲဒီနေရာကနေမောင်းထွက်ခဲ့တယ်။ ဗိုလ်ကြီး အောင်မျိုးအေးကတော့ သူတို့အကြီးအကဲဖြစ်သူကို ငရဲပြည်ပို့လိုက်တဲ့ ယမမင်းက သူ့ကားပေါ်မှာပါလာတယ်ဆိုတာ သိဟန်မတူပါဘူး။ ဗုံးပေါက်ကွဲတဲ့အကြောင်းရင်းကို သူတို့ ဝေဖန်သုံးသပ်ကြရင်း အောင်မျိုးအေးကလည်း ကားကို သတိထားမောင်းနေတယ်။ သူ့တပ်ကိုမြန်မြန်ပြန်ရောက်ဖို့လည်း စိတ်စောနေဟန်တူပါတယ်။ သူကတော့ ဗုံးတလုံး ထဲနဲ့ သားအဖ ၂ ယောက်လုံးကို ချွေလိုက်ရလို့ ပီတိဖြစ်နေတယ်။
မနက်ဖြန်ဆိုရင် သတင်းတွေထဲမှာ ဝေေ၀ဆာဆာနဲ့ ပါလာတော့မယ်။ သူတို့အာဏာရှင်လောက ကတော့တုန်လှုပ်သွားပြီး အဖိနှိပ်ခံ မြန်မာပြည်သူတွေကတော့ ၀မ်းမြောက် ၀မ်းသာဖြစ်ကုန်ကြလိမ့်မယ်။ စိတ်မကောင်းတာက မဆိုင်တဲ့သူတွေကို ဖမ်းဆီးတော့မှာ သေချာနေတာကိုပါပဲ။ ဒါပေမယ့် အာဏာရှင်တွေ တယောက်ပြီး တယောက် သုတ်သင်နိုင်လေ သူတို့ အာဏာတံတိုင်းကြီး ပြိုလဲဖို့ သေချာလေပဲ မဟုတ်လား။ စစ်ဆေးမှုတွေနေရာတိုင်းတွေ့ရပေမယ့် အောင်မျိုးအေးကျေးဇူးကြောင့် ချောချောမောမောနဲ့ သူအိမ်ပြန်ရောက်ခဲ့တယ်။ ၈း ၁၅ ဘီဘီစီသတင်းမှာတော့ ဗုံးကွဲတဲ့သတင်းကို ဦးဦးဖျားဖျားထုတ်လွှင့်လိုက်တာ ကြားလိုက်ရတယ်။ သူ့နားထဲမှာတော့ အဲဒီအသံဟာ သကာရည်လောင်းထားတဲ့ အသံတခုလို့ ချိုမြိန်တဲ့ အရသာအပြည့်ရှိနေ သလို ခံစားမိလိုက်တယ်။ ဒါပေမယ့် ဒီအာဏာရှင်တယောက် သေသွားရုံနဲ့တော့ သူတို့ တိုက်ပွဲက မပြီးဆုံးသေးဘူး သူတို့ နောက်ထပ် တိုက်ပွဲသစ်တွေအတွက် ဆက်လက် ချီတက်တိုက်ပွဲတွေ ဆက်ရဦးမယ်လေ … … …။
ပြီးပါပြီ
နေပြည်တော်ဘခက်
Naypidaw Bakhathttp://www.blogger.com/profile/11647180416586349915noreply@blogger.com0tag:blogger.com,1999:blog-8093286337803857854.post-49240132730898691482008-09-19T09:58:00.000-07:002008-09-19T09:59:34.891-07:00နှုတ်ခွန်းဆက်
ကျွန်တော်တို့ ဒီမိုကရေစီရရှိရေးအတွက် အဖက်ဖက်ကနေ တိုက်ပွဲဝင်နေကြတဲ့
ရဲဘော်အပေါင်းကို ဦးညွှတ်ဂုဏ်ပြုရင်း ဒီဘလော့ဂ်ကို
ဝမ်းမြောက်ဝမ်းသာစွာနဲ့ လွှင့်တင်လိုက်ပါတယ်။ တိုက်ပွဲဝင်မှုပုံစံတွေ
အမျိုးမျိုးကွဲပြားသွားပေမယ့် ရယူလိုတဲ့ ပန်းတိုင်ကတော့
အဖမြန်မာနိုင်ငံတော်ကြီးအတွက် ဒီမိုကရေစီစနစ် နဲ့အတူ ငြိမ်းချမ်းသာယာခြင်းတွေ
ရရှိဖို့ပါပဲ။ တချို့က လက်နက်ကိုင်ပြီးတိုက်ပွဲဝင်မယ်၊
တချို့ကတော့ လူထုအုံကြွမှုနဲ့တိုက်ပွဲဝင်မယ်၊ တချို့ကတော့ မိမိတို့တတ်ထားတဲ့
အနုပညာအတတ်ပညာတွေကို အသုံးချရင်းတိုက်ပွဲဝင်မယ်။
ဘယ်လိုပဲဖြစ်နေပါစေ အောင်မြင်မှုကို ငတ်မွတ်ဆာလောင်နေတဲ့
ကျွန်တော်တို့အားလုံးအတွက် အပင်ပန်းအဆင်းရဲခံရင်း မဆုတ်မနစ်
ဆက်လက်ချီတက်တိုက်ပွဲဝင်မယ် ဆိုရင် တော့ အမှန်တကယ်ရရှိမှာ မလွဲပါဘူး။
ကျွန်တော်တို့ Royal Worriers တွေကလည်း
ဒီမိုကရေစီတိုက်ပွဲမှာ အညတရနေရာကနေ တိုက်ပွဲဝင်နေသူ သူရဲကောင်းအပေါင်းကို
ဂုဏ်ပြုဖို့အတွက် အနုပညာအခင်းအကျင်းတခုကို
တင်ဆက်လိုက်ခြင်းပါ။ အခုအချိန်အခါမှာ မြန်မာပြည်သား လူငယ်တွေအားလုံးဟာ
ဖိနှိပ်မှုတွေနဲ့ မွန်းကြပ်ရင်းကြောက်စိတ်တွေလွှမ်းမိုးခြင်း ခံနေကြရတယ်။
အဲဒါတွေကို တိုက်ဖျက်ဖို့ စိတ်ခွန်အားတွေပေးမယ့် စာတွေပေါ်ပေါက်လာရေးကို
တွန်းအားပေးတဲ့အနေနဲ့ သတင်းတွေထက် ရသတွေကိုဦးစားပေးပြီး
တင်ဆက်ထားပါတယ်။ နောက်တခုက စိတ်ကူးယဉ်တယ်လို့
ပြောနိုင်ပေမယ့် စိတ်ကူးယဉ်မှု (၁ဝ) ခုပြုလုပ်တိုင်း လက်တွေ့ဖြစ်နိုင်ခြေ
(၁) ခုတော့ ပေါ်ပေါက်လာရမှာပါ။ သိပ္ပံစာရေးဆရာကြီး
အိတ်ခ်ျဂျီဝဲလ်စ်ရဲ့ စိတ်ကူးယဉ်မှုတွေက နောက်တော့ တကယ်ဖြစ်ခဲ့တာပဲ
မဟုတ်လား။ အဲလိုပါပဲ ကျွန်တော်တို့ရဲ့ စိတ်ကူးယဉ်မှုတွေက
နောက်ဆုံးတော့ တကယ့်အဖြစ်အပျက်တွေ ဖြစ်ပျက်လာဖို့ ဆွဲခေါ်နိုင်အောင်
ကျွန်တော်တို့ ကြိုးစားနေခြင်းဖြစ်ပါတယ်။
အညှီအဟောက်စာပေတွေနဲ့ လူငယ်တွေကိုမှိုင်းတိုက် ဝါဒဖြန့်နေချိန်မှာ
လူငယ်တွေကို အားဖြစ်စေမယ့် လူငယ်တွေအတုယူလောက်တဲ့
စံပြဇာတ်ကောင်တွေမွေးဖွားရင်း ကျွန်တော်တို့ရဲ့ မြန်မာပြည်တွင်းကထွက်ပေါ်လာမယ့်
သူရဲကောင်းလေးတွေကို ကြိုဆိုလိုက်တာအတွက်
ကျွန်တော့်တို့ ဘလော့ဂ်အပေါ်မှာ ကျွန်တော်တို့ စိတ်ဝိညာဉ်တွေက သန့်ရှင်းနေပါတယ်။
ကျွန်တော်တို့ ဘလော့ဂ်ကို အားပေးဖတ်ရှုကြမယ့်
ဒီမိုကရေစီတိုက်ပွဲဝင်ရဲဘော်အပေါင်းနဲ့ သူရဲကောင်းလောင်းလျာအပေါင်းကို
ငြိမ်းချမ်းသာယာမှုတွေရရှိပါစေလို့ ဆုမွန်ကောင်းတွေလည်း
တောင်းလိုက်ပါတယ်။
အခုတပတ်အတွက် “နေပြည်တော်ဘခက်ရဲ့ မတရားမှုအတွက် တရားမျှတမှု” ဆိုတဲ့
ရသဝတ္ထုသစ်တပုဒ်ကို တင်ဆက်လိုက်ပါတယ်။ ပါဝင်တဲ့ ဇာတ်ကောင်တွေအားလုံးက
စာရေးဆရာရဲ့ စိတ်ကူးယဉ်မှုသက်သက်သာဖြစ်ပါတယ်။ မည်သူတဦးတယောက်ကိုမှ
နစ်နာစေလိုတဲ့သဘောနဲ့ ရေးဖွဲ့ထားခြင်းမျိုး မဟုတ်ပါဘူး။
အဓိကဇာတ်ကောင် “အောင်ရဲဇော်” လို အမှန်တရားကို ချစ်မြတ်နိုးတတ်ပြီး
စွန့်စားတတ်တဲ့ သူ့ရဲ့သဘာဝကို မြန်မာပြည်တွင်းက လူငယ်လေးတွေ အတုယူစေချင်လို့ပါ။
နေပြည်တော်ဘခက်နှင့် တော်ဝင်စစ်သည်တော်များ
နေပြည်တော်ဘခက်<o:p></o:p>
<o:p> </o:p>
<o:p></o:p> သူအိမ်ကိုပြန်ရောက်တော့ တော်တော်မှောင်နေပြီ။ မီးပျက်နေလို့ လှေခါးပေါ်ကို မနည်းသတိထားပြီးတက်ခဲ့တယ်။ ခါတိုင်း ခွေးတွေက အခန်းဝမှာ ပစ်ထားတဲ့ စားကြွင်းစား ကျန်တွေစားပြီး အိပ်နေကျလေ။ အခုလိုလူတက်လာပြီဆိုရင် အလန့်တကြားနဲ့ ပြေးဆင်း တတ်တော့ ကိုယ့်ကို မတိုက်မိ မကိုက်မိအောင်လည်း သတိထားရှောင်နေရတယ်။ ဒါပေမယ့် ဒီနေ့ ခွေးတကောင်မှ မရှိလို့ စိတ်အနှောင့်အယှက်မဖြစ်မိဘူး။<o:p></o:p>
ရန်ကုန်တိုက်ခန်းတွေရဲ့ သဘာဝက ကန်ထရိုက်ရဲ့ အလိုတော်ကျအတိုင်း လှေကား ခန်းတွေက ကျဉ်းလွန်းလှတယ်။ ဒီကြားထဲမှာမှ ကွမ်းသွေးတွေ၊ အနံ့အသက်ဆိုးတွေနဲ့ ညစ်ပတ်ပေရေနေတတ်တာကိုက ရန်ကုန်တိုက်ခန်းတွေရဲ့ အမှတ်အသားတခုပါပဲ။ ဒါပေ မယ့် သူရွေးချယ်ထားတဲ့ပတ်ဝန်းကျင်က ကိုယ့်အလုပ်နဲ့ကိုယ် ရှုပ်ရှုပ်ရှက်ရှက်သိပ်မရှိလှ တာကြောင့် ဒီအခန်းကိုတော့ တော်တော်သဘောကျမိတယ်။ ဘေးချင်းကပ်ရက်အခန်းက ရပ်ကွက်ရုံးက အတွင်းရေးမှူးအခန်းဆိုတော့ သူ့ကို ခဏလေးနဲ့ တည့်အောင်ပေါင်းလိုက် ပြီး ဧည့်စာရင်းတွေ ဘာတွေကိုလည်း သူ့ကိုပဲ လုပ်ခိုင်းလိုက်တယ်။ ဧည့်စာရင်းလည်း တခါမှ အစစ်မခံရတော့သလို အိမ်ထဲကိုလည်း ဘာ့အတွက်နဲ့မှ စပ်စပ်စုစုလုပ်တာလည်း မခံရတော့ဘူး။<o:p></o:p>
အဲဒါကိုက သူ့အတွက် အကွက်ကောင်းတခုပါပဲ။ အပြင်ပန်းမှာတော့ သူဟာ ကျွန် ပျူတာပြင်တဲသူ၊ freelance ကျွန်ပျူတာသမားတယောက်ပေါ့။ အလုပ်အပ်တဲ့သူရှိရင် လိုက်ပြင်ပေးတယ်၊ ဒါမှမဟုတ် အချိန်ယူပြီးပြင်ရမှာမျိုးတွေကျရင် အိမ်ကို စက်သယ်လာ ပြီး ပြင်ပေးတယ်။ ပြီးတာနဲ့ သူ့ဖောက်သည်တွေဆီ အိမ်တိုင်ရာရောက် ပို့ပေးလိုက်တာမျိုး ပါ။ တကယ်တော့ သူတို့ရဲ့အလုပ်က နယ်စပ်တနေရာမှာ ခြေကုပ်ယူထားပြီး ဘယ်အဖွဲ့ အစည်း၊ ဘယ်နိုင်ငံနဲ့မှ မပတ်သက်ဘဲ သီးသန့်တည်ထောင်ထားတဲ့ နအဖ စစ်အာဏာရှင် အုပ်စုကို ဆန့်ကျင်တိုက်ခိုက်တဲ့ အဖွဲ့ငယ်လေးတခု။ အခုလောလောဆယ်တော့ ရန်ကုန်မြို့ ၀န်းကျင်အတွက် သူက အဖွဲ့ခေါင်းဆောင်တာဝန်ယူထားရတယ်။<o:p></o:p>
ပထမတော့ သူတို့အဖွဲ့က အာဏာရှင်ကိုဆန့်ကျင်ဖို့အတွက် စာစောင်တွေ စာရွက်စာတမ်းတွေ ထုတ်ဝေတာမျိုးလောက်ပါပဲ။ ဒါပေမယ့် နောက်ပိုင်းတော့ အာဏာရှင်ဆိုတဲ့အတိုင်း အကြမ်းဖက်မှုတွေလုပ်လာခဲ့တဲ့အခါမှာတော့ ငြိမ်းချမ်းတဲ့နည်းနဲ့ ဆန့်ကျင်ဖို့ ဘယ်လိုမှမဖြစ်နိုင်တော့တာနဲ့ သူတို့ ဒီလမ်းကိုပဲ ရွေးလိုက်ကြတော့တယ်။ အားလုံးပေါင်းမှ လူဦးရေ (၂၀) ပဲရှိတဲ့ သူတို့အဖွဲ့ဟာ အင်အားအများကြီးသာလွန်လှတဲ့ အာဏာရှင်စစ်အုပ်စုနဲ့ ဘယ်လိုမှ ထိပ်တိုက်တိုက်ခိုက်ဖို့ မဖြစ်နိုင်ဘူး။ ဒါပေမယ့် သူတို့မှ သစ္စာတရားရှိတယ်။ ယုံကြည်ချက်တွေရှိတယ်။ သတ္တိတွေရှိတယ်။ ခွန်အားတွေရှိတယ်။ ပြည်သူအတွက် ထားရှိတဲ့ ကောင်းမွန်မှန်ကန်တဲ့ စိတ်ထားတွေရှိတယ်။ တခုတော့ရှိတယ် သူတို့အလုပ်က ပြည်သူကို စည်းရုံးရေးဆင်းလို့မရဘူး။ လျှို့ဝှက်ပြီး လုပ်ရတဲ့အလုပ်လေ။<o:p></o:p>
“တတီတီ . . .” နဲ့ သူ့ရဲ့ လက်ကိုင်ဖုန်းကမြည်လာတာကြောင့် သူကောက်ကိုင် လိုက်တဲ့အခါ သူနဲ့ အတူ ရန်ကုန်မှာရှိနေတဲ့ သူနဲ့ သူရဲဘော် (၄) ဦး အတွက်ပေးလိုက်တဲ့ ငွေတွေရောက်တဲ့အကြောင်းဖြစ်နေတယ်။ မနက်ဖြန် နေ့လည်ပိုင်း မှာ ယုဇနပလာဇာကို လာထုတ်ဖို့ ပြောတာကြောင့် လွယ်လွယ်ကူကူပဲ “ဟုတ်ကဲ့” လုပ်လိုက်တယ်။ သူတို့ အလုပ်က နှုတ်နည်းလေ ကောင်းလေမဟုတ်လား။ ဆိပ်ကမ်းသာ လမ်းထိပ်က၀ယ်လာတဲ့ ကုလားပဲသုတ်အထုပ်ကိုဖြေလိုက်ပြီး မီးမလာပေမယ့် တံခါးပိတ် ထားလို့ အေးနေဆဲ ရေခဲသေတ္တာထဲမှာ မနက်က ချန်ထားတဲ့ ကြက်သားကြော်ကို ထုတ်လိုက်တယ်။ သူ့ အတွက် ညနေစာက ဖွယ်ဖွယ်ရာရာမဟုတ်ဘူး။ အာဟာရပြည့်ရင်ပြီး ရောမဟုတ်လား။<o:p></o:p>
မနက်ဖြန်အပ်ရမယ့် ကျွန်ပျူတာကို ပြင်ဖို့က ည (၁၁) နာရီလောက်မှ မီးက လာမှာမို့ အခုလောလောဆယ်တော့ သူငယ်ချင်းအီးမေးကတဆင့်ကူးလာတဲ့ လုပ်ဆောင်ရ မယ့်အချက်တွေကို pen drive ထဲကနေ သူ့လက်ဆွဲကွန်ပျူတာထဲထည့်ပြီး ဖတ်ဖို့ အရင် လုပ်ဦးမယ်လို့ တွေးမိတယ်။ မနက်ဖြန်မှာ လုပ်ရမယ့် အလုပ်တွေအတွက် ခေါင်းထဲမှာ အစီအစဉ်ချထားဖို့၊ အစီအစဉ်တွေကို အလွတ်ကျက်မှတ်ဖို့က အထူးလိုအပ်တယ်လေ။ မနက်ဖြန်မှာ အဖွဲ့ဝင်အမှတ် (၅) နဲ့တွေ့ရမယ်၊ ပြီးရင် သူတို့ ပစ်မှတ်ထားချေမှုန်းရမယ့် သုဝဏ္ဏက ဗိုလ်ချုပ်တယောက်ရဲ့ အိမ်အခင်းအကျင်းကို သွားလေ့လာရမယ်။ သူ့ရဲ့ အဖွဲ့ ၀င်အမှတ်က (၇) လေ။ ဂျိန်းစ်ဘွန်းလို ၀၀၇ မဟုတ်ပေမယ့် သူတို့အားလုံးထဲမှာ လက် နက်နဲ့ရော လက်နက်မဲ့ရော တိုက်ခိုက်သတ်ပုတ်တတ်ပြီး ပညာအရည်အချင်းကလည်း သမိုင်းအဓိကနဲ့ မဟာဘွဲ့ရထားသူဆိုတော့ သူ့ကို နံပါတ် (၇) တပ်ပေးလိုက်ကြတယ်။ ဒါပေမယ့် ရုပ်ရှင်ထဲကမင်းသားလိုတော့ ကျော့ကျောမော့မော့လှလှပမဖြစ်ခဲ့ဘူး။ အထူး သဖြင့်တော့ သူ့နှလုံးသားရေးမှာ ဂျိန်းစ်ဘွန်းလို မိန်းမချောလေးတွေနဲ့ တယောက်ပြီး တယောက်တွဲဖို့ထက် ဒီအလုပ်ကို လုပ်မယ်ဆိုကတည်းက သူအချစ်ရဆုံးချစ်သူကို မဆိုင် တဲ့ အကြောင်းပြချက်တခုနဲ့ စွန့်ခဲ့ရတာပါပဲ။ သိပ်ဝမ်းနည်းကြေကွဲဖို့ကောင်းပေမယ့် သူတို့ (၂) ဦးထက် သိပ်ပြီးဝမ်းနည်းဖို့ကောင်းတဲ့ မြန်မာပြည်တွင်းက ပြည်သူလူထု အတွက်က အရေးပိုကြီးတယ်မဟုတ်လား။<o:p></o:p>
မိဘမဲ့နေတဲ့ သူ့ဘ၀အတွက် မြန်မာတပြည်လုံးက သူ့မိဘလို့ခံယူလိုက်တယ်။ ဗုဒ္ဓဘာသာဝင်တယောက်ဖြစ်လို့ သူတပါးအသက်သတ်တာ ငါးပါးသီလအရ မသင့်တော် ပေမယ့် သံဃာတော်တွေကိုတောင် ရက်ရက်စက်စက် သတ်ဖြတ်ပြီး ဘုရားပေါ်တောင် စစ်ဖိနပ်တွေနဲ့ တက်တဲ့ ယုတ်မာရိုင်းစိုင်းလှတဲ့အာဏာရူးတွေကို သုတ်သင်ဖို့ ဒီတလမ်းပဲ ရှိတော့တာမို့ သူ့စိတ်က သန့်ရှင်းစင်ကြယ်နေတယ်။ တကယ်တော့ အကြမ်းဖက်မှုဆိုတာ ကို သူအစဉ်တစိုက် ဆန့်ကျင်လာခဲ့တာပါ။ သမိုင်းဆရာကြီး ဒေါက်တာသန်းထွန်းရဲ့ တပည့်မို့ သမိုင်းဘာသာရပ်ကိုပဲ လေ့လာလိုက်စားပြီး ပညာရှင်သီးသန့်ပဲဖြစ်ချင်ခဲ့သူပါ။ “ကျောက္ကာနယ်က ဘုရားပုထိုးတွေရဲ့သမိုင်း” ဆိုတဲ့ကျမ်းနဲ့ မဟာဘွဲ့ရခဲ့ပြီး အဲဒီ ဘုရားတွေ ထဲက ပုဂံခေတ်နဲ့ ခေတ်ပြိုင် နံရံဆေးရေးပန်းချီတွေနဲ့ ပတ်သက်ပြီး အမေရိကန်က တက္က သိုလ်တခုမှာ ပါရဂူဘွဲ့အတွက် သုတေသနစာတမ်းတင်ဖို့ ပြုစုနေတာတောင် အတော်ပြီး နေပါပြီ။ ဒါပေမယ့် အာဏာရူးတွေလက်အောက်မှာတော့ သူဟာ သမိုင်းပညာရှင် ဖြစ်ခွင့် မရခဲ့တော့ဘူး။ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခွင့်တွေလည်း မရှိမှတော့ အာဏာရှင်ကို လက် တုန့်ပြန် တိုက်ခိုက်တဲ့နည်းက အကောင်းဆုံးပဲလို့ သူရွေးချယ်လိုက်တယ်။ အဲဒါကတော့ အာဏာရှင်အုပ်စုတွေကိုရွေးပြီး လက်စားချေ သတ်ဖြတ်ပစ်ခြင်း ဆိုတာပါပဲ။ အသားလတ် လတ် အရပ်မြင့်မြင့်နဲ့သူ့ပုံစံက ရန်ကုန်သူဖြူဖြူချောချောလေးတွေအတွက် ရင်ခုန်ချင် စရာပါပဲ။ ဒါပေမယ့် သူ့နှလုံးသားကို သံမဏိတံတိုင်း ခတ်ထားတာကြောင့် သူ့နှလုံးသား ထဲမှာ ဆင်းရဲနုံချာလှတဲ့ မြန်မာပြည်သူတွေ၊ ထောင်တွေထဲမှာ အနှိပ်စက်မျိုးစုံခံနေရဆဲ ညီ အကိုမောင်နှမတွေ၊ ကျဆုံးသွားတဲ့ ဒီမိုကရေစီတိုက်ပွဲရဲ့ အာဇာနည်သူရဲကောင်းတွေ အတွက်ပဲ နေရာပေးထားလိုတယ်။ သူ့မှာ ချစ်သူကို ပွေ့ ပိုက်မယ့် နူးညံ့သိမ်မွေ့တဲ့ လက် ချောင်းတွေမရှိတော့ဘူး၊ အကြမ်းဖက်တဲ့ အာဏာရူးတွေကို ရက်ရက်စက်စက် ညှစ်သတ် မယ့် လက်ချောင်းတွေပဲရှိတော့တယ်။<o:p></o:p>
သူဖတ်နေလေ့လာနေကျ သမိုင်းစာအုပ်စာတမ်းတွေအစား သူ့လုပ်ငန်းတွေ အတွက် သင့်တော်မယ်ထင်တဲ့ ကျွန်ပျူတာပြင်တဲ့အတတ်ကို သူတတ်အောင်လုပ်ခဲ့တယ်။ အဲဒီထက်အထူးပြုပြီးပြောရရင်တော့ ဖောက်ခွဲရေးပညာကို အထူးကျွမ်းကျင်နေအောင် လုပ်လိုက်တယ်။ ကျွန်ပျူတာပြင်တဲ့နေရာမှာသုံးတဲ့ ပစ္စည်းတွေက ဖောက်ခွဲရေးပစ္စည်းတွေ ပြုလုပ်ဖို့အတွက် အထူးသင့်တော်တယ်လေ။ သူ့ရဲ့ နေထိုင်ပုံ ပေါင်းသင်းဆက်ဆံပုံ ကလည်း ပိရိသေသပ်နေတော့အားလုံး အဆင်ပြေချောမွေ့နေတာ သိပ်တော့လည်း မဆန်းကျယ်လှဘူးလို့ ထင်စရာပါပဲ။ ဒါပေမယ့် ရန်ကုန်မြို့ရဲ့ကြောက်စရာ အကောင်းဆုံး လက်နက်က ပါးစပ်ပေါက်တွေပါပဲ။ ကြမ်းပိုးကို လိပ်ဖြစ်အောင်ပြောတတ်ပြီး ပတ်ဝန်းကျင် ကို အားအားယားယား လျှောက်စပ်စုနေတတ်တဲ့မြန်မာလူမျိုးတွေရဲ့ ပင်ကိုဗီဇကို တော် တော်သတိထားနိုင်မှ သင့်တော်မယ်လို့ သူယူဆမိတယ်လေ။ အရင့်အရင်က မအောင်မြင် ခဲ့တဲ့ တော်လှန်ရေးသမိုင်းတွေကို နမူနာယူပြီး တတ်နိုင်သမျှ ပိယိအောင်၊ လုံခြုံအောင် နေ ခဲ့တယ်။<o:p></o:p>
သူ့နာမည်အရင်းက “အောင်ရဲဇော်”<o:p></o:p>
ခင်မင်တဲ့သူငယ်ချင်းမိတ်ဆွေတွေကတော့ “ကိုရဲ” လို့ခေါ်ကြတယ်။<o:p></o:p>
မိခင်နဲ့ ဖခင်ကတော့ သာမာန်ရုံးဝန်ထမ်းတွေပါပဲ။ သားကိုပညာတွေ တတ်အောင် သင်ပေးပြီး မြန်မာပြည်ရဲ့ ဆိုးရွားလှတဲ့ အခြေအနေတွေကို မျက်မြင်ခံစားရင်း ကောင်း ကျိုးဆိုတာ ဘာမှမခံစားရဘဲ ရှေ့ဆင့်နောက်ဆင့် ဆုံးပါးသွားခဲ့ရတယ်။ အဲဒီတုန်းက ၈၈၈၈ လူထုအရေးတော်ပုံကြီး ပြီးလို့ (၄) နှစ်အကြာမှာ။ ၈၈၈၈ လူထုအရေးတော်ပုံကြီး တုန်းက ရန်ကုန်ကနေ သူ့ဘွဲ့ယူစာတမ်းပြုစုဖို့အတွက် မုံရွာဖက်က ရှေးဟောင်းဘုရားတွေ ဆီ သူရောက်နေခဲ့တယ်။ အာဏာသိမ်းပြီး ၂ လလောက် ကြာတဲ့အထိ သူမပြန်နိုင်သေး ဘူး။ မုံရွာက သူ့မိတ်ဆွေတယောက်အိမ်မှာ သောင်တင်နေခဲ့တယ်။ သူပြန်ရောက်တော့ ရန်ကုန်မြို့ကြီးက ပြည်သူလူထုရဲ့ သွေးနံ့တွေ ရနေတုန်းပဲ၊ အသုဘအိမ်ကြီးတခုလို ၀မ်း နည်းဖွယ် တိတ်ဆိတ်ခြောက်ခြားလို့။ ညနေ (၆) နာရီထိုးရင် လမ်းပေါ်မှာ လူသူတွေ တင်မကဘူး ခွေးတကောင်ကြောင်တမြီးမှတောင် မတွေ့ရတော့ဘူး။ သူ့ သူငယ် ချင်းတွေ လည်း သေသူသေ၊ ထောင်ကျသူကျ၊ တောထဲရောက်သူရောက်နဲ့ အားလုံး ကွဲပြားကုန်ပြီ။ ပြန်တွေ့တဲ့ သူငယ်ချင်းတချို့ကလည်း သူ့ကို တကိုယ်ကောင်းဆန်တယ်၊ ပြည်သူတရပ်လုံး ပါဝင်တဲ့ ဒီမိုကရေစီအရေးတော်ပုံကြီးမှာတောင် ကိုယ့်ပညာရေးကို အပျက်မခံသူအဖြစ် အထင်တွေလွဲလို့ပေါ့။ ဒါပေမယ့် သူ့အတွက် ကံကောင်းတာတခုက အရေးတော်ပုံကာလ ကြီးမှာ လက်တွေ့ပါဝင်ခွင့်ဆုံးရှုံးလိုက်ရလို့ စစ်ထောက်လှမ်းရေးရဲ့ ငရဲခန်းပို့မယ့် စာရင်း ထဲမှာ လွတ်ကင်းခွင့်ရလိုက်တယ်။ ဒါ့ကြောင့်လည်း အခုလို မပြီးဆုံးသေးတဲ့ တော်လှန်ရေး အတွက် တတပ်တအားနဲ့ ပြန်လည်ပါဝင်ခွင့်ရချိန်မှာ သူက လွတ်လွတ်လပ်လပ် လှုပ်ရှား လို့ရနေတာကို သူ တော်တော်ဝမ်းသာပီတိဖြစ်မိတယ်။ သူ့ လက်ဆွဲကွန်ပျူတာထဲမှာ ဘက်ထရီကျန်နေသေးတော့ မီးမလာသေးလည်း ဘာမှမဖြစ်ဘူး၊ ကြည့်လို့တော့ ၂၅ မိနစ် လောက်ရနိုင်သေးတယ်လို့ယူဆပြီး အီးမေးလ်ကတဆင့် သူ့အဖွဲ့ကပေးလိုက်တဲ့ သူတို့ ပစ်မှတ်ထား တိုက်ခိုက်ရမယ့် စစ်အာဏာရှင်ဗိုလ်ချုပ်တယောက်ရဲ့ အချက်အလက်ကို pen drive ထဲကကူးပြီး ဖွင့်ဖတ်လိုက်တယ်။<o:p></o:p>
<o:p> </o:p>
……………………………………………………………………………………………………………..<o:p></o:p>
<o:p> </o:p>
ဗိုလ်ချုပ် ……………………..၊ မန္တလေးဇာတိ၊ ငယ်စဉ်က အထက (၁၆) (ယခင် ၀က်စလီ) ကျောင်းတွင်ပညာသင်ယူခဲ့၊ ဇနီး ကျောင်းအုပ်ဆရာမကြီး၊ မန္တလေးတိုင်းမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌ၊ သားသုံးဦးနှင့် သမီးနှစ်ဦးရှိ၊ DSA အပတ်စဉ် (…..) ဆင်း၊ သားအကြီး ဗိုလ်မှူး နှင့် သားအလတ် ဗိုလ်ကြီးရာထူးအဆင့်ရှိ၊ သားငယ်မှာ သူတည်ထောင်ထားသော MICT ရှိ ကွန်ပျူတာကုမ္ပဏီတွင် မန်နေးဂျင်းဒါရိုက်တာဖြစ်၊ သမီးများမှာလည်း သူ၏ နောက်ထပ်လုပ်ငန်းများတွင် မန်နေးဂျင်းဒါရိုက်တာများဖြစ်ပြီး အားလုံး အိမ်ထောင်သည်များဖြစ်သည်။ သမီးအကြီး၏ အိမ်ထောင်ဖက်မှာ ထောက်လှမ်း ရေးမှ အရာရှိတဦးဖြစ်သည် …. <o:p></o:p>
သူစာဖတ်လို့မဆုံးခင်မှာပင် သက်ပြင်းတချက်မှုတ်ထုတ်လိုက်မိတယ်။ အာဏာရူး တွေများ အာဏာဆက်ရူးလို့ရအောင်၊ အာဏာဆက်မပြတ်အောင် အစီအစဉ်တကျ လုပ် ထားတာကို သူသဘောကျလို့ မဲ့ပြုံးတချက်ပြုံးရင်း စာကို ဆက်ပြီးပြန်ဖတ်လိုက်တယ်။<o:p></o:p>
…… သုတ်သင်ရမည့်အကြောင်းရင်း<o:p></o:p>
အဲဒီအချက်ကိုတော့ သူတော်တော်စိတ်ဝင်စားသွားတယ်။<o:p></o:p>
…… (၁) အာဏာရှင်ချုပ် သန်းရွှေ၏သမက်ဖြစ်သော တေဇပိုင်ဆိုင်သည့် ကုမ္ပဏီ နှင့်တွဲဖက်ပြီး မြန်မာ့ရတနာကျွန်းသစ်များကို ကချင်ပြည်နယ်ရှိ ကြိုးဝိုင်းတခုအတွင်း တတောလုံးပြုတ်အောင်ခုတ်ပြီး တရုတ်နိုင်ငံသို့ တင်ပို့မှု။<o:p></o:p>
(၂) ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မည့် ပြည်သူများအား တန်ပြန်တိုက်ခိုက်ရန်အတွက် ပုံမှားရိုက်တိုက်ခိုက်မှုပုံသဏ္ဍာန်သစ်အား စတင်တည်ထောင်ပေးမှု။ စွမ်းအားရှင်ဟု အမည် တွင်သည့် အရပ်သားအကြမ်းဖက်သမားများအား လက်နက်တပ်ဆင်တိုက်ခိုက်နည်း သင် တန်းများပေးခြင်းများ။<o:p></o:p>
(၃) ဇနီးဖြစ်သူက မိခင်နှင့် ကလေးစောင့်ရှောက်ရေးအမည်ခံပြီး မန္တလေးမြို့ အထင်ကရနေရာကြီးတခုတွင် ကြီးမားသောဟိုတယ်ကြီးတခုဖွင့်ပြီး အရွယ်မရောက်သေး သော ကလေးပြည့်တန်ဆာများထားရှိမှု။ ဟိုတယ်တွင် ဘိန်းဖြူရောင်းချမှု။<o:p></o:p>
နံပါတ် (၃) အချက်ကိုဖတ်ပြီးချိန်မှာတော့ သူတောက်တချက်ကို ခပ်ပြင်းပြင်းခေါက် မိတယ်။ ဒေါသကို ထိန်းချုပ်လိုက်ပြီး စာကိုဆက်ဖတ်လိုက်တယ်။<o:p></o:p>
(၄) တရုတ်ပြည်နှင့် အဓိကဆက်ဆံသူဖြစ်ပြီး စစ်လက်နက်ပစ္စည်းများ ၀ယ်ယူခြင်း နှင့်ဆိုင်သော အဓိကတာဝန်ကို အထူးလျှို့ဝှက်ပြီးယူထားသူဖြစ်ခြင်း။<o:p></o:p>
<o:p> </o:p>
………. ပစ်မှတ်အား အဓိက ရွေးချယ်ရသည့်အကြောင်းရင်း<o:p></o:p>
(၁) အာဏာရှင်၏ နံပါတ် (၂) အဆင့်ရှိဒေါက်တိုင်ဖြစ်ခြင်း။<o:p></o:p>
(၂) သား ၂ ဦး စစ်အရာရှိဖြစ်နေသဖြင့် ကိုယ့်ကိုယ်ကိုယ်အထင်ကြီးမှုများခြင်း။<o:p></o:p>
(၃) အိမ်တွင်းလုံခြုံမှုအားနည်းခြင်း။ အိမ်တွင်း လုံခြုံရေးရဲဘော်များ ဖြတ်လတ် သွက်လက်မှုအားနည်းပြီး အရက် အလွန်ကြိုက်သူများဖြစ်ပြီး ထိုလုံခြုံရေးရဲဘော်များထဲ တွင် မိမိတို့ထံသို့ လျှို့ဝှက်သတင်း ပေးပို့မှုရှိခြင်း။<o:p></o:p>
(၄) အရပ်သားအ၀င်အထွက်များခြင်း။<o:p></o:p>
(၅) ညနေတိုင်းဂေါက်ရိုက်ပြန်ချိန်တွင် အိမ်ဝင်းအတွင်း မြက်ခင်းပြင်တွင် မှောင် သည်အထိ အနားယူတတ်ခြင်း။<o:p></o:p>
(၆) အိမ်ဝင်းတွင် သံဆူးကြိုးရှိသည်မှအပ မည်သည့် လျှပ်စစ်ဓာတ်ကိုမှ လွှတ် ထားခြင်းမရှိခြင်း။<o:p></o:p>
(၇) သူ့ကို သတ်ဖြတ်ပြီးပါက အာဏာရှင်လောကတွင် တုန်လှုပ်သွားနိုင်ပြီး လက် နက်ဝယ်ယူရေးတွင် များစွာ အနှောင့်အယှက်ဖြစ်နိုင်ခြင်း။<o:p></o:p>
…… သတ်ဖြတ်ရန်အတွက် လက်နက်ညွှန်ကြားချက်<o:p></o:p>
(၁) မည်သည့် လက်နက်ငယ်မျှမသုံးရ။<o:p></o:p>
(၂) လက်လုပ်ဗုံးကို သင်ကြားထားသည့်အတိုင်း အဝေးထိန်းစနစ်ဖြင့် ဖောက်ခွဲ သတ်ဖြတ်ရန်။<o:p></o:p>
အာဏာရှင်တွေကျဆုံးပြီး ဒီမိုကရေစီတိုက်ပွဲအောင်မြင်ပါစေ…<o:p></o:p>
သင့်ရဲ့<o:p></o:p>
ရဲဘော် အမှတ် (၁)<o:p></o:p>
<o:p> </o:p>
သူစာကိုဖတ်ပြီး ဖျက်ပစ်လိုက်တယ်။ မနက်ဖြန် အဲဒီ ဗိုလ်ချုပ်ရဲ့ အိမ်ကိုကြည့်ပြီးရင် (၂) ရက်အတွင်းမှာ လုပ်ငန်းစရတော့မယ်။ အဲဒီအတွက် အစီအစဉ်တွေကို သူ့စိတ်ထဲ ကနေ ဆွဲကြည့်နေမိတယ်။ အောင်မြင်သွားခဲ့ရင် . . . သူ့အတွက် ဒေါ်လာတွေရမှာ မဟုတ်ဘူး၊ ဆုတံဆိပ်တွေရမှာလည်းမဟုတ်ဘူး။ သူရမယ့် ဆုလာဘ်တွေက ပြည်သူ တွေရဲ့ အပြုံးတွေ၊ လွတ်လပ်သွားမယ့် ပြည့်တန်ဆာခန်းထဲက ဆယ်ကျော်သက်လေးတွေ ရဲ့ ရယ်မောသံလေးတွေ၊ ကချင်ပြည်နယ်က ကျွန်းပင် အရိပ်ပျောက်ခဲ့ရတဲ့ တိုင်းရင်းသား ကချင်ညီအကိုမောင်နှမတွေရဲ့ အပြုံးတွေ၊ သတင်းစာထဲမှာ ပါလာမယ့် နာရေးသတင်းက အာဏာရှင်အချင်းချင်းအတွက် သူရဲကောင်းဆန်အောင် ရေးမယ်ဆိုတာ ကြိုသိရပေမယ့် အဖိနှိပ်ခံပြည်သူနဲ့ အာဏာရှင်အကြမ်းဖက်သမားတွေကို ဆန့်ကျင်နေတဲ့ ငြိမ်းချမ်းတဲ့ အမိကမ္ဘာမြေကြီးအတွက်တော့ ကောင်းချီးသြဘာသံတွေ ဘ၀ဂ်ညံသွားစေလိမ့်မယ်လေ။ အဲဒါဟာ သူအမှန်တကယ် ရရှိရမယ့် သူ့အတွက် ဆုလာဘ်တခုပါပဲ။<o:p></o:p>
မီးလာတာနဲ့ သူပြင်ရမယ့်စက်ကို ပြင်လိုက်ပြီး အိပ်ရာဝင်လိုက်တယ်။ အိပ်မက် ထဲမှာတော့ သူ့စွန့်စားခန်းကို သူကိုယ်တိုင်ပဲ ရုပ်ရှင်တခုလိုကြည့်ရင်းနဲ့ သူ့ရဲ့ညကို ကုန်ဆုံး ပစ်လိုက်တယ်။<o:p></o:p>
<o:p> </o:p>
အပိုင်း (၂) ကို စောင့်မျှော်ဖတ်ရှုပေးပါရန်
Naypidaw Bakhathttp://www.blogger.com/profile/11647180416586349915noreply@blogger.com0